Sunday, August 16, 2026

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ပြန်လည်နေထိုင်ချိန်တွင် အိမ် ၏ကြံ့ခိုင်ရေးစစ်ဆေးခြင်းအပြင်...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ ထိုင်ရလျက်ရှိကြောင်း သိရသည်။ ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌...

အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်း၏...

ရန်ကုန်၊သြဂုတ်-၁၆ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Aichi-Nagoya 2026) အမျိုးသမီးဘော လုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏...

အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအတွက် Ayeyawady FC...

မနက်ဖြန် ဩဂုတ် ၁၇ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာကိုယ်စားပြု Ayeyawady FC အမျိုးသမီးအသင်းနှင့် လက်ဘနွန်ကလပ်...

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို...

ရန်ကုန်၊သြဂုတ်-၁၅ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျ-က်လိုက်ကြောင်း...
HomeInternationalဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား...

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များကို တိုက်ခိုက်ခဲ့သည့် ဆိုဗီယက်စစ်သည်များအား ဂုဏ်ပြုခဲ့ကြောင်း KCNA က ဖော်ပြသည်။

နှစ်နိုင်ငံအကြား တိုက်ပွဲဝင်ချစ်ကြည်ရင်းနှီးမှု၏ သမိုင်းဝင်အမွေအနှစ်သည် လက်ရှိတိုးချဲ့လာနေသည့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း ကင်မ်ဂျုံအန်က ပြောကြားခဲ့သည်။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကလည်း ကင်မ်ဂျုံအန်ထံ နှုတ်ခွန်းဆက်သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခြင်းနှင့် သမိုင်းဝင်ဆက်ဆံရေးကို အလေးထားဖော်ပြခြင်းတို့သည် မော်စကိုနှင့် ပြုံယမ်းအကြား ပိုမိုနက်ရှိုင်းလာသည့် ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း Asia One သတင်းကို ကိုးကား၍ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ပြန်လည်နေထိုင်ချိန်တွင် အိမ် ၏ကြံ့ခိုင်ရေးစစ်ဆေးခြင်းအပြင် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ ထိုင်ရလျက်ရှိကြောင်း သိရသည်။ ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်နေကြရသည့် ရေဘေးသင့်သူများအား ညောင်ဦးမြို့မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက  မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များတွင်ပြန်လည်နေထိုင်ရာ၌ အိမ်၏ကြံ့ ခိုင်ရေးစစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သောက်သုံးရေများသန့် ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်အန္တရယ်ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းတို့‌ပြုလုပ် ၍ အန္တရာယ်ကင်းရှင်းမှုရှိမှသာပြန် လည်နေထိုင်ကြရေး ဆောင်ရန်/ရှောင်ရန်များ၊ အသက်ကယ်ဝတ်စုံ Life Jacket ဝတ်ဆင်နည်းတို့အား အသိ...

အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမကစားသမားစာရင်း ထုတ်ပြန်

ရန်ကုန်၊သြဂုတ်-၁၆ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Aichi-Nagoya 2026) အမျိုးသမီးဘော လုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမကစားသမား ၃၃ ဦးစာရင်းကို နည်းပြချုပ် Colin Bell က ထုတ်ပြန်လိုက်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Nagai Stadium တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အသင်း...

အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအတွက် Ayeyawady FC နှင့် လက်ဘနွန်ကလပ် No Limits FC တို့ လေ့ကျင့်မှုများပြုလုပ်

မနက်ဖြန် ဩဂုတ် ၁၇ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာကိုယ်စားပြု Ayeyawady FC အမျိုးသမီးအသင်းနှင့် လက်ဘနွန်ကလပ် No Limits FC အမျိုးသမီးအသင်းတို့သည် Official Training အစီအစဉ်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ နှစ်သင်းလုံးသည် ပြိုင်ပွဲမတိုင်မီ နောက် ဆုံးပြင်ဆင်မှုများအဖြစ် ကွင်းအတွင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲအတွက် အသင့်ပြင်ဆင်ထားကြသည်။ အဆိုပါ Official Training အစီအစဉ်မှ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။ဓာတ်ပုံ-MFF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071