Tuesday, May 5, 2026

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...
HomeCelebrities' Newsဒုတိယ အခွေမှာ ခင်မောင်တိုးရဲ့...

ဒုတိယ အခွေမှာ ခင်မောင်တိုးရဲ့ သီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ကိုတိုးခိုင်

ကိုတိုးခိုင်ကတော့ နာမည်ကျော် မင်းသမီး အိâန္ဒာကျော်ဇင်ရဲ့ ခဲအို၊ နာမည်ကျော် ဒီဇိုင်နာ အိကျော်ဇင်ရဲ့ ခင်ပွန်း၊ သရုပ်ဆောင် မေတိုးခိုင် ရဲ့ ဖခင်ပဲဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ‘တွဲ ဘက်သွေး’ ဆိုတဲ့ တစ်ကိုယ် တော်စီးရီးခွေထွက်ရှိထားတဲ့ ကိုတိုးခိုင်က လာမယ့် အောက်တိုဘာလအတွင်း ဒုတိယတစ်ကိုယ်တော် စီးရီးခွေထပ်မံထွက်ရှိလာမယ်လို့ ဆိုပါတယ်။

”ပထမစီးရီးခွေထက်စာရင် ကျွန်တော် ဒုတိယအခွေကို ပိုအားရတယ်။ ပထမအခွေကတည်းက ကျွန်တော် ကိုခင်မောင်တိုးသီချင်းတွေကို ထည့်ချင် တာ။ ထည့်ခွင့်မကြုံ လိုက်ဘူးပေါ့နော်။ အခုဒီအခွေထဲမှာတော့ ကိုခင်မောင် တိုးသီချင်းတွေ ၅ပုဒ်လောက် ပါပါတယ်။ ကျွန်တော် တအားကြိုက်ခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုထားတာဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီအခွေကို ပိုပြီးတော့ အားရပါတယ်” လို့ ကိုတိုးခိုင်ကပြောပါတယ်။

ခင်မောင်တိုးရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘ပန်းချစ်သူ’ သီချင်းကို အဆိုတော် ဂျူဝယ်(လ်) နဲ့ ရိုက်ကူးနေတဲ့ ကိုတိုးခိုင်ရဲ့ ရိုက်ကွင်းကို သွားရောက်ခဲ့စဉ် အရှိန်အဝါကြီးလွန်းတဲ့သီချင်းကို ပြန်လည်သီဆိုတဲ့အခါ ဖိအားတွေများစွာ ရှိမယ်ထင်တယ်လို့ မေးဖြစ်တော့ –

”စတူဒီယိုထဲမှာ ကျွန်တော် အကြိမ်ကြိမ်သီဆိုခဲ့ရတယ်။ ဘာဖြစ်လို့လဲဆို တော့ တာဝန်သိပ်ကြီးလို့။ အသံစသွင်းသွင်းချင်း ၃ ခေါက်၊ ၄ ခေါက်လောက် ကတော့ ကျွန်တော် ဘယ်လိုမှသွင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ တအားပေါက်ခဲ့တဲ့ သီချင်းဖြစ်တော့လေ။ ကိုခင်မောင်တိုးနဲ့ မမီမီဝင်းဖေနဲ့ ဆိုခဲ့တာကလည်း တအားကောင်းခဲ့တာကိုး။ အခုလည်း အရဲစွန့်ပြီးသာ ပြန်လုပ်တာပါ။ စိတ်ကိုတဖြည်းဖြည်းလျှော့ချပြီး အသံသွင်းတော့မှပဲ အဆင်ပြေသွားပါတယ်။ ဒါပေမဲ့လည်း ရှေ့ကဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ၂ ယောက် လောက်လည်း မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်းသိပါတယ်” လို့ ကိုတိုးခိုင်က ပြောပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၌ နိုင်ငံတော်အလံကိုအလေးပြုပြီး မီးသတ်ယာဥ်များဖြင့် ​ရေပတ်ဖြန်းခြင်းတို့ကိုလည်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071