ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွ င်း၊ MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ကြော င်း သိရသည်။
ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၄၀၀) ကျော် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ပထမအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆယ် သင်တန်းဆင်းပွဲကို မေလ (၁၆) ရက်က မြန်မာဘောလုံးအ ကယ်ဒမီ (မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသား (၂၀၀)ဦး တက်ရောက်ခဲ့သည်။
ယနေ့ ဒုတိယအသုတ်သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စပွန်ဆာရှင်များ၊ MFF တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရော က်ခဲ့ကြကြောင်း သိရသည်။
