ဒီနေ့ ကစားတဲ့ ဆီးရီးယာ-မြန်မာပွဲစဉ်တလျှောက်မှာ ဆီးရီးယားအသင်းဟာ ဒုတိ ယပိုင်း ပွဲပြီးဆုံးခါနီး (၁၀)မိနစ်အလိုမှာ နောက်ကျသွင်းဂိုး (၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းဟာ သရေရလဒ်နဲ့အတူ အာရှဖလားအဆင့် တက်ရောက်ခွင့်ရနိုင်မယ်လို့ မျှော်လင့်ထားပေမဲ့ အာရှဖလားအဆင့် တက်ရောက်ခွင့်ဟာ မျှော် လင့်ချက်မဲ့ခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပွဲစဉ်တလျှောက်လုံး ခုခံစစ်နဲ့အတူ ဂိုးသမား ဆန်းဆက်နိုင်ရဲ့ကာကွယ်ပေးတာတွေကြောင့်သာ ပထမပိုင်းပွဲချိန်မှာ ဂိုးမသွင်းနိုင်ရေး ကာကွယ်နိုင်ခဲ့တာပါ။
ဆီးရီးယား -မြန်မာပွဲစဉ်ဟာ အိမ်ကွင်းနောက်ဆုံးအဆင့်ပွဲစဉ်ဖြစ်သလို မြန်မာအသင်းဟာ ကစားသမား (၃)ကြိမ်အထိလဲခဲ့ရတဲ့ အခြေအနေပါ။
ဆီးရီးယားအသင်းဟာ မြန်မာအသင်းကို ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ (၅) ဂိုးသွင်းယူထားအနိုင်ရရှိထားလို ဒုတိယအကျော့ပွဲစဉ်မှာလည်း (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။
