Friday, May 16, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeCelebrities' Newsဒီနှစ် ခရစ္စမတ်မှာ ...

ဒီနှစ် ခရစ္စမတ်မှာ ထူးခြားတဲ့အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ် ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းက ဒီနှစ်ခရစ္စမတ်နေ့မှာတော့ သီချင်းဆိုရင်းဖြတ်သန်းမှာ ဖြစ်ပါ တယ်။ အဆိုတော်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ပရိသတ်တွေနဲ့အတူ သီချင်းတွေသီဆို ရင်းဖြတ်သန်းခဲ့ရတာတွေပဲများပြီး ငယ်စဉ်ကတော့ ခရစ္စမတ်အမှတ်တရတွေရှိခဲ့  တယ်လို့ သူကဆိုပါတယ်။ ခရစ်စမတ်နဲ့ ပတ်သက်ပြီးလည်း ဖြူဖြူကျော် သိန်းက…

“ဒီလို အချိန်အခါမှာ ဆိုရင် ခရစ်ယာန်တွေက ပျော်ပွဲရွှင်ပွဲ လုပ် ကြတယ်ဆိုတဲ့ အခါမှာ ဒီပျော်ဖို့ရွှင်ဖို့ဆိုတာထက် နောက်ကွယ်က အဓိကအကြောင်းရင်းက ဘာ အတွက်လုပ်တာလဲဆိုရင် ကယ်တယ်ရှင်ကို ကြို ဆိုတာ၊ ကျေးဇူးတင်ခြင်း ဝမ်းမြောက်ခြင်းနဲ့ ကြိုဆိုတာဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ့်အနီးအနား မှာရှိကြတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေကို မုန့် တွေကျွေးတယ်။ လက်ဆောင်လေးတွေပေးတယ်။ ပျော်ရွှင်မှုတွေကို မျှဝေတယ်ဆိုတဲ့ အထိမ်းအမှတ်ပေါ့” လို့ ပြောပါတယ်။  မကြာခင်ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ နိုင်ငံကို အလည်အပတ်အနေနဲ့ ရောက်ရှိလာခဲ့တဲ့အတွက် ဒီနှစ် ခရစ္စမတ်ကပိုပြီးအနှစ်သာရရှိစေမလားလို့ ဖြူဖြူကျော်သိန်းကို ဆက်မေးတဲ့အခါ …

“ဖြူဖြူတို့နိုင်ငံအတွက် တော်တော်လေးထူးခြားပြောင်းလဲတဲ့ နှစ်လို့ပြောရပါမယ်။ ဘာလို့လဲဆိုတော့ဒီလိုမျိုးအထင်ကရ ဘာသာ ရေးဆိုင်ရာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကနေလာသွားခဲ့တယ်။ ဖြူဖြူကတော့ နှစ်ခြင်း ခရစ်ယာန်ပါ။ ကက်သလစ်ဘာသာဝင်တော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဒါကခရစ်ယာန်ဂိုဏ်းပဲပေါ့နော်။ အဲဒီ့အတွက် ဖြူဖြူ တို့ ခရစ်ယာန်တွေအတွက်မှ မဟုတ်ဘူး။ ဖြူဖြူတို့နိုင်ငံရဲ့ သမိုင်း အတွက်ကို ထူးခြားတဲ့ဖြစ်စဉ်ပြောင်းလဲမှုတစ်ခုလို့မြင်ပါတယ်။ နောက် တစ်ခါ ဖြူဖြူတို့နိုင်ငံအတွက်ဆိုရင် ပထမဆုံး စပြီးတော့ကျင်းပမယ့် လူတန်းစားအားလုံးပါဝင်လို့ရမယ့် Christmas Festival ဆိုတာကို နိုင်ငံရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကပြီး တော့ ခွင့်ပြုပြီးတော့ ပေးလုပ်တယ် ဆိုတဲ့အနေအထားပေါ့နော်။ ဒါလေးတွေကလည်း ထူးခြားတဲ့ အပြောင်း အလဲလေးတွေပါ။ ဒါကဘာကိုပြလဲဆိုရင် ဖြူဖြူတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးမှာ တစ်ကမ္ဘာလုံးကသိခဲ့ကြတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဘာသာပေါင်းစုံ ယဉ်ကျေးစွာ၊ လေးစွားစွာအတူယှဉ်တွဲနေထိုင်ပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်သည်းခံနိုင်စွမ်းအတူ ယှဉ်တွဲနေနိုင်စွမ်းရှိတယ်ဆိုတာကို ပြတဲ့ပြယုဂ်တစ်ခုလည်း ဖြစ်တယ်လို့ဖြူဖြူကတော့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071