ဒီနှစ်ထဲမှာတော့ ဂီတနဲ့ ပတ်သက်ပြီး အနုပညာလှုပ်ရှားမှု တွေ ခပ်စိပ်စိပ်တွေ့မြင်လာရ နိုင် တယ်လို့ ဂျီလတ်ကပြောပါတယ်။ သူ့ ရဲ့ တတိယတစ်ကိုယ်တော် အခွေ ကိုလည်း ဒီနှစ်ထဲမှာပဲ ထွက်ရှိမှာ ဖြစ်ပြီး အဲဒီ့အတွက်လည်း သူလုံးပန်း လျက်ရှိပါတယ်။
”အခွေတစ်ခွေကျတော့ ကိုယ်ကြိုက်တာတွေချည်းပဲ ထည့်ဆို လို့လည်း မရဘူးလေ။ အခွေလုပ် တယ်ဆိုတာက အဲဒီ့သဘောလေး ရှိ တယ်။ အဲဒီတော့ဒီအခွေထဲမှာ ဘယ်တေးရေးတွေပါမလဲဆိုတာ ပြောရတော့ခက်တယ်။ ပြီးတော့ ကိုယ်တွေနဲ့ပတ်သက်တဲ့ တေးရေး တွေကိုလည်း ကိုယ့်အခွေထဲမှာအမြဲ တမ်းပါနေစေချင်တယ်။ ဥပမာ-ကမ္ဘာဆိုရေးအားနည်းတယ်။ သူ့ဆီက ၄ပုဒ်လုံးဒီအခွေထဲမှာ ပြုံ ထည့်လိုက်ရင် နောက်အခွေ တွေ အတွက် သူ့ဆီကမရတော့မှာလည်း စိုးရိမ်တယ်ပေါ့။ နှစ်ပုဒ်လောက်ပဲ ရေးပေးနိုင်မယ့်သူကို နှစ်ပုဒ်လုံး ထည့်လိုက်ရင် နောက်အခွေမှာ သူမပါရမှာလည်း ကိုယ်စိုးရိမ်တယ်။ ဒါကြောင့်တစ်ပုဒ်ပဲထည့်ပြီး တစ်ပုဒ် ကို သိမ်းထားတယ်။ဒါမျိုးလေးတွေလည်း ရှိတယ်။ အချင်းချင်း ချစ်ခင် မှုတွေနဲ့ သွားကြတဲ့ကိစ္စမျိုးတွေပေါ့” လို့အခွေနဲ့ပတ်သက်လို့ ဂျီလတ်က ပြောပါတယ်။ တစ်ကိုယ် တော်အခွေထဲမှာ အချစ်သီချင်းတွေနည်းတာကြောင့် အချစ်သီချင်းတွေ ပြန်ထည့်ခဲ့ရတာမျိုးတွေရှိတယ်လို့ သူကဆက်ပြောပြပါတယ်။
”ရေးပေးတဲ့လူတွေကလည်း နည်းတာ လည်းပါတယ်။ သီချင်းကအချစ်သီချင်း တွေကြီး ပဲလည်း မဖြစ်သင့်ဘူးလို့ထင်တယ်။ တစ်ခြား စဉ်းစားရမယ့် လူ့လောကရဲ့ကိစ္စလေးတွေ လည်းပါဖို့လိုသေးတယ်လို့မြင်တယ်။ အသက် အရွယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။ ဒါမျိုးတွေ လည်းဆိုချင်တာလည်းကြာပါပြီ။ ဒီအခွေကြမှ နည်းနည်းပုံသွားသလို ဖြစ်နေတော့ နည်းနည်း ပြန်လျှော့နေရတာ။ အစွန်းနှစ်ဖက်သီချင်းလိုမျိုး သီချင်းပုံစံမျိုးကျွန်တော်အမြဲတမ်းရှာပါတယ်။ ဘဝ နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမျိုးလေးတွေပေါ့။ အဲဒါ မျိုးလေးတွေကို အခွေ Title လည်းပေးချင်တယ်။ပြီး တော့စူးစူးနစ်နစ်ဖြစ်ရတဲ့ အချစ်သီချင်း မျိုးလေး တွေလည်းပါမှာပါ” လို့အခွေထဲမှာထည့်မယ့် သီချင်း တွေနဲ့ ပတ်သက်လို့ ဂျီလတ်ကပြောပါတယ်။
လင်းအက္ခရာ