ဒီဇင်ဘာလ၏ ပထမ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခုတွင် ညအပူ ချိန်များလျော့နည်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက အသိပေးခဲ့သည်။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁ ဒ သမ ၅)ဒီဂရီဆဲလ်စီးယပ်နှင့် အောက်လျော့နည်းနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင်မူ ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၅ ရက်မှ ၉ ရက်ခန့်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်မှ ၄ ရက်ခန့် နံနက်ပိုင်းတို့တွင် မြူထူများဆိုင်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
