Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeArticlesဒိန်းဒေါင်ရေ... ထောင်တော့...

ဒိန်းဒေါင်ရေ… ထောင်တော့ (လက်မ)

capture-copy

ဆင်ဆာအဖွဲ့ဝင်တစ်ဦး

တလော ‘မြန်မာပေါကားများ ရပ်’ ဟု အော်တာကတစ်မျိုး၊ မြန်မာ ကားမကြိုက်သူများ၏ အသံကတစ် မျိုး မြန်မာ့ရုပ်ရှင်ဇာတ်ကားများ  အပေါ် ရှုတ်ချကဲ့ရဲ့ ပြစ် တင်တာတွေ များနေပြီ မဟုတ်လား။

မြန်မာဇာတ်ကား မကြိုက်လို့ နိုင်ငံခြားဇာတ်ကား ကြည့်မယ်ဆို လည်း ကြည့်ကြပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ကြည့်တာပဲလေ။ ပြောစရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ ကျွန်မတို့ ဆင်ဆာ အဖွဲ့ဝင်တွေခမျာ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း၊ တာဝန်အရ ဗီဒီ ယိုရော၊ ရုံတင်ရုပ်ရှင် ဇာတ်ကားတွေ ရော ကြည့်နေရတာ စိတ်ရောလူပါ ပင်ပန်းနေရပြီလေ။

လူပင်ပန်းတာက တစ်ပတ်ကို ဗီဒီယို (၁၅) ကားလောက် ကြည့်ရ တယ်။

ရုံတင်ဇာတ်ကားကြီးက (၄) ကား အနည်းဆုံး ကြည့်ရတယ်။

လူ့အခွင့်အရေး ဇာတ်ကားတွေ၊ ကာရာအိုကေနဲ့ မိုက်ခရိုဖလင်စတဲ့ ဆင်ဆာတင်သမျှ ဇာတ်ကားတွေ လည်း ရှိသေးတယ်။

ဗီဒီယိုဇာတ်ကား ၁ဝ ကားမှာ ကောင်းတဲ့ဇာတ်ကားက တစ်ကား လောက်ပဲ ပါမယ်။ ကျန်တဲ့ (၉) ကား ထဲမှာ သုံးစားမရတဲ့ ဇာတ်ကား (၅) ကားလောက်ပါ တတ်တယ်။

တချို့ဇာတ်ကားတွေက အရုပ် အသံမကောင်းဘူး။

ဗီဒီယိုဇာတ်ကား တစ်ကားကို အနည်းဆုံး မိနစ် ၉ဝ၊ တစ်နာရီခွဲ လောက်တော့ ရှိသင့်တာပေါ့။

တစ်နာရီ ကျော်ရုံလေးရှိတဲ့  ဗီ ဒီယိုမျိုး ရှိသေးတယ်။ ကြည့်တဲ့ ပရိ  သတ်ကို တော်တော်စော်ကားတာပဲ။

အဆက်အစပ် မရှိတဲ့ ဇာတ် ကွက်တွေနဲ့၊ မကောင်းတဲ့ ဇာတ်လမ်း ကို မလုပ်တတ်တဲ့ သရုပ်ဆောင်သစ် တွေ သုံးပြီး အနုပညာ၊ အတတ်ပညာ နုံချာလွန်းတဲ့ ဒါရိုက်တာတွေရိုက်တဲ့ ဗီဒီယိုတွေကို ဆင်ဆာအဖွဲ့ဝင်တွေ ဟာ တော်တော် သည်းခံပြီး ကြည့်ကြ ရတာမဟုတ်လား။

တချို့ ဇာတ်ကားတွေဟာ ဒို့ တာဝန်အရေး (၃) ပါးကလွဲပြီး ကျန် တာဘာမှ မကောင်းဘူးလို့ မှတ်ချက် ချရမလို ညံ့ဖျင်းသတဲ့။

မေးချင်ပါတယ်။

အဲဒီ ဇာတ်ကားထုတ်လုပ်သူ တွေဟာ ကိုယ့်ဇာတ်ကားကို ကြည့် ချင်စိတ်ရှိရဲ့လားလို့။

ခိုးကူးခွေချည်း အပြစ်မတင်ပါ နဲ့။ ဗီဒီယိုလောက ကျဆင်းတာဟာ အနုပညာ ဝါသနာမပါဘဲ လုပ်စားဖို့ လောက်သာ တတ်တဲ့ ထုတ်လုပ်သူနဲ့ အညံ့စား ဒါရိုက် တာတွေကြောင့် ဆို တာရော ထည့်ပြောကြပါဦး။

ဗီဒီယိုလောက ပျက်သွားပြီ၊ ရုပ် ရှင်လောက ကျဆုံးပြီဆိုပေမယ့် ဆင် ဆာကြည့်ဖို့ ဇာတ်ကားတွေ တန်းစီ နေတာကတော့ စဉ်းစားစရာပဲ။

အဲဒါလည်း ရည်ရွယ်ချက် ကောင်းတာ၊ မကောင်းတာထား။ အနုပညာမြောက်တာ၊ မမြောက်တာ  ထား။ ရုပ်ရှင်ရုံတွေမှာ လူတွေ ကြိတ် ကြိတ်တိုးနေတာကေ တာ့  မြန်မာရုပ် ရှင်ကြည့်ပရိသတ်ဟာ ပေါကားကိုမှ ကြိုက်နေကြတာလား…ရှင်။

များများပေါလေ ပိုက်ဆံပိုရလေ ဖြစ်နေတာမဟုတ်လား။

ကဲ…ပြောပြန်ရင်လည်း လွန် ရာကျမယ်။

လူရွှင်တော်တွေ ပေါရုံမဟုတ်။ အကယ်ဒမီမင်းသား၊ မင်းသမီးတွေ လည်း ပေါကြသည်။

ဝါရင့် သရုပ်ဆောင်ကြီးတွေ လည်း ပေါတာမှ ရစရာမရှိ။

ထို့ကြောင့် ‘ပေါကားများရပ်’ ဟု ထအော်ကြရသည်အထိ ဖြစ်တာ လား။ ပေါကားတွေ ပိုက်ဆံရတာကို မနာလို မရှုဆိတ်သူတွေက ပြောကြ တာလား။

ခုတော့ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ ပြီးရင်…မြန်မာပြည်က ပေါလိဝုဒ် လို့ ထောမနာပြုခြင်း ခံခဲ့ရတာကို တောင် သဘောကျလက်ခံပြီး ပေါ ကားတွေ ဆက်ရိုက်ေ နကြသည်ပဲလေ။

မြန်မာတွေကလည်း ကိုယ်က သာမတီထွင်နိုင်တာ၊ သူများ အတု လိုက်ခိုးဖို့တောင် အင်မတန် ဝါသနာ ပါကြတာဆိုတော့ ပေါကားတစ်ကား ပိုက်ဆံရရင် အားလုံးပေါကားတွေ ချည်း ရိုက်ကြတာ မဟုတ်လား။

သရဲကား ပိုက်ဆံရရင် သရဲ ကားကို အလုအယက် ရိုက်ကြတာ မဟုတ်လား။

ငါးပွက်ရာ ငါးစာချတာကို အပြစ်တင်ဖို့လည်း မလိုပါဘူး။

ပိုဆိုးနေတာက အခြောက်ကား တွေ များနေတာလေ။ တော်တော် မျက်စိနောက်စရာ ကောင်းသည်။        မြန်မာဇာတ်ကားမှာ အခြောက် မပါရင် မပြီးဘူး ဆိုတော့ အခြောက် တစ်ယောက်တည်း မဟုတ်၊ အခြောက် အုပ်စုလိုက်ပါရာက ခုတော့ တစ်ရွာ လုံးအခြောက်၊ သရဲဘဝမှာတောင် အခြောက်သရဲတဲ့..။

အတုမြင် အတတ်သင်ပြီး နောက်ဆို မြန်မာပြည်မှာ အခြောက် တွေ ပေါများလို့ ယောက်ျားစစ်စစ် ဆိုတာ ရှိမှ ရှိပါဦးမလားရှင်။

အဲဒီလို ပေါကားတွေ ကြည့်နေ ရာက ချီးကျူးစရာတစ်ခု ပေါ်လာ တာကတော့ လူရွှင်တော် ဒိန်းဒေါင် ရယ်လို့ နာမည်ကြီးနေသူက မမျှော် လင့်ဘဲ ဘဝသရုပ်ဖော် ဇာတ်ကား တစ်ကား ရိုက်ခဲ့တာပါပဲ။

ဇာတ်ကားအမည်က ‘မယုံရင် ပုံပြင်ပေါ့’ တဲ့။

ကောင်းလိုက်တဲ့ဇာတ်ကား။

ကျူးကျော်ရပ်ကွက်လို နေရာ မျိုးမှာနေတဲ့ မိသားစုတွေရဲ့ သဘာဝ၊ အဲဒီထဲမှာ ကျပ်မပြည့်၊ ဥာဏ်စဉ် မမီတဲ့ သားကို ရှာဖွေကျွေးမွေး ရုန်း ကန်နေရတဲ့ မုဆိုးဖို  ၊ ရေခဲမုန့်ရောင်း သူနဲ့ ခက်ခက်ခဲခဲ ဘဝကို ရုန်းကန်ရ တဲ့ ဘဝတိုက်ပွဲအကြောင်းကို ရိုက် ကူးထားတာပါပဲ။

အဲဒီဇာတ်ကားမှာ ဇင်ဝိုင်းတစ် ယောက်ကတော့ အကယ်ဒမီရမှာ သေချာသလောက်ပါပဲ။ ကံကောင်း ရင် ဒါရိုက်တာဆုလည်း ရနိုင်တယ်။

ဇာတ်ကား ကြော်ငြာတယ် အပြောခံ ရမှာစိုးလို့ အဲဒီဇာတ်ကားအကြောင်း ဒီလောက်နဲ့ပဲ ရပ်တော့မယ်။

အဲဒီလို ဇာတ်ကားကောင်းလေး တွေ ရိုက်ရဲတဲ့ သတ္တိမျိုး ရှိပါစေလို့ …။

ဆင်ဆာအဖွဲ့ဝင်တစ်ဦး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071