Friday, May 23, 2025

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...
HomeMoviesဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့'မုဒြာရဲ့...

ဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့’မုဒြာရဲ့ ခေါ်သံ ‘ရုပ်ရှင်ဇာတ်ကား မလေးရှားနိုင်ငံ၊နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသခွင့် ရရှိ

 

c

ဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့’မုဒြာရဲ့ ခေါ်သံ ‘ရုပ်ရှင်ဇာတ်ကား မလေးရှားနိုင်ငံ ၊နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသခွင့် ရရှိ
မြန်မာအမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၂၃ ရက်နေ့မှာ မလေးရှား နိုင်ငံ ဆာဘားပြည်နယ်မှာ ကျင်းပတဲ့ ကိုတာ့ကီနာဘာလု နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ် ခံရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က West Caribbean မှာ ရှိတဲ့ Cayman နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှာ ပထမဆုံး အကြိမ် ပြသ ခဲ့သလို အခုခါမှာတာ့ နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှာ ဒုတိယ အကြိမ် ထပ်မံ ပြသဖို့ ရွေးချယ် ခံရတာလည်း ဖြစ်ပါ တယ်။

” နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတယ်ဆိုတော့ အစ်မဝမ်း သာပါတယ်။ ကမ္ဘာမှာရှိတဲ့ ရုပ်ရှင် သမားတိုင်းကပေါ့။ အစ်မတို့လို Film Makers တွေ အများကြီး တင် ကြတယ်ပေါ့။ အဲဒီ အများကြီးထဲကမှ ရွေးချယ်တယ်ပေါ့။ ရွေးချယ် ပြီး တော့မှ ပြတာ မပြတာဆိုတာ ရှိသေး တယ်။ ရွေးချယ်ခံလိုက်ရတယ်။ ဒါပေမဲ့ နောက်ဆုံးဖိုင်နယ် List ထဲမှာ မပါ သွားတာတို့၊ ဒါမှမဟုတ် လည်း အခက်အခဲရှိလို့ ဒီဇာတ်ကား တွေပြမယ်၊ ဟိုဇာတ်ကား တွေက မပြရဘူး ဆို တာလည်း ရှိ တယ်ပေါ့။ အဲဒီကြား ထဲမှာ အစ်မရဲ့ ရုပ်ရှင်ဇာတ် ကားကို အခုလိုပြခွင့် ရတာ အစ်မဝမ်း သာတယ်” လို့ ဒါရိုက်တာ ခရစ္စတီး နားခီက သူမရဲ့ရွေးချယ်ခံရတဲ့ ရုပ်ရှင် ဇာတ်ကားအတွက် ခံစားချက် ကို ပြောပြခဲ့ပါတယ်။ ‘မုဒြာရဲ့ ခေါ်သံ ‘ရုပ်ရှင်ဇာတ်ကားမှာတော့ ဇန်ခီ၊ လှယဉ်ကျေး၊ မာရီကိုး၊ နန်းဝေဝေ ထွန်းစတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်လည်း ဖြစ်သလို မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့ထုံးတမ်း၊ မြန်မာ့ရှုခင်း၊ မြန်မာ မိသားစု စရိုက်လက္ခဏာတွေနဲ့ ထုံမွမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကား လည်းဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘မုဒြာရဲ့ခေါ်သံ’ နဲ့ ဒုတိယ ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကားတွေက မြန်မာ ပြည်မှာရုံတင်ပြသဖို့ ကြန့်ကြာမှုတွေ ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ ခရစ္စတီးနားခီက ” ပထမဆုံး ဇာတ်ကား ‘မုဒြာရဲ့ခေါ်သံ’ ဇာတ် ကားပေါ့။ ပထမဆုံးကြန့်ကြာ ရတဲ့ အကြောင်း က အစ်မတို့ အချိန်ယူ ရိုက်တယ်။ အချိန်ယူ Edit လုပ် တယ်။ Editor တွေကိုလည်း အစ်မ ကြေး(ဂျီး)များ တယ်ပေါ့။ ဖြစ်သလို လေး ဆက်ပေး တာမျိုး မကြိုက်ဘူး ပေါ့။

Editor တွေမှာ အများစုက ၂လ ၃လ လုပ်ရတယ်။ ဒါက Editingတစ်ခုပဲ ရှိသေးတယ်။ အစ်မရဲ့ ရုပ်ရှင်ရိုက်ကူးရေးက ဇာတ်ကား တစ်ကားကို သူများဇာတ်ကားကား နှစ်ဆယ် ရိုက်ကူးတာလောက် ကြာ တယ်။ အဲဒါတစ်ခု ကကြာသွားပြီ။ လော လောဆယ် မြန်မာ့ ရုပ်ရှင် အစည်းအရုံးက ချမှတ်ထားတဲ့ လမ်း စဉ်က တော့ရုပ်ရှင်တစ်ကားလုံး ပြီးမှ လာပြီး တော့ ဆင်ဆာတင်ပါလို့ သူ တို့က ပြောတဲ့အခါကျတော့ အစ်မ အတွက်က အားလုံးပြီးမှ ဆင်ဆာ တင်မှာပဲ။ နဂိုတည်းကမှ သူများ ဆယ်ကားလောက်ပြီးချိန်အစ်မ တစ်ကားပဲပြီးတာ ပဲရှိသေးတယ်။

မျိုးကျော်(ကနောင်သွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071