Monday, June 23, 2025

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကို သို့သွားရောက်မည်

ဇွန် ၂၁ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဗတ်စ် အာရာ့ခ်ချီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၃ ရက် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ရန်...

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင်...

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊...

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင်...
HomeMoviesဒါရိုက်တာ အာကာရဲ့ ဒုတိယမြောက်...

ဒါရိုက်တာ အာကာရဲ့ ဒုတိယမြောက် ဇာတ်ကားအကြောင်း

a

‘ဒုဋ္ဌဝတီကို လွန်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသ ဖို့လိုသေးပေမယ့် Arkar Production  အနေနဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးကို ဆက် လက်ရိုက်ကူးနေကြောင်း ဒါရိုက်တာ အာကာက ပြောပါတယ်။ နို့ဆီခွက်၂ခွက်ကို ကြိုးတပ်ပြီး စကား ပြောတဲ့ ဖုန်းပုံစံအကြောင်းအရာကို တည်ပြီး ရိုက်ကူး ထားပါဆိုတဲ့ ဒါရိုက်တာအာကာက ဒီဇာတ်ကားကို ‘ကြိုးဖုန်း(Ting String)’လို့ အမည်ပေးထားပြီး ဖြိုးငွေ စိုး၊ အိန္ဒြာကျော်ဇင်၊ ရဲနောင်၊ အောင်ရဲထွေး၊ ရွှေအိမ် စည်တို့က သရုပ်ဆောင်ထားကြောင်းသိရပါတယ်။

“ဇာတ်ကားကတော့ Horror Typeပဲ။ သရဲ ဇာတ်ကားပါ။ သရဲ အကောင်လိုက်ကြီးတွေတော့ မပါ ဘူး။ ဒါပေမဲ့ကြောက်အောင် ရိုက်ကူးထားတာ ပိုများ ပါတယ်။ ပထမဇာတ်ကားလောက်တော့ Project  အကြီးကြီးမဟုတ်ဘူး။ Project  သေးသေးပဲ။ ရိုက်ကူး တဲ့နေရာမှာလည်း အရမ်းကြီး Action type မဟုတ် ဘူး။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတဲ့ သရဲဇာတ်ကား ဖြစ်အောင်ရိုက်ထားတယ်။ ကျွန်တော်တို့ Arkar Production ကနေ ပထမဦးဆုံးရိုက်ကူးတဲ့ သရဲ ဇာတ်ကားပါ”လို့ သူကပြောပါတယ်။ အွန် လိုင်းမှာ တင်ထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ် ရှင်ဇာတ်ကား Trailer ကို ကြိုက်နှစ်သက်ကြ ပြီး ဘယ်တော့ရုံတင်မှာလဲဆိုတာ မေး မြန်းတဲ့သူ တွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ် သက်ပြီး ဒါရိုက်တာအာကာကို မေးမြန်းဖြစ် တဲ့အခါမှာ…

“ကျွန်တော်တို့နောက်လ လောက်မှ စပြီးတော့ ဆင်ဆာတင်ရမယ်ခင်ဗျ။ ဆင်ဆာတင်ပြီး သွားလို့ရှိရင်တော့ ရုံတင်ဖို့ ကိစ္စတွေကို စပြီးလုပ်မှာပါ။ ဒါပေမဲ့ ရုံတင်တာတွေက အခုနောက်ပိုင်း မှာ တန်းစီတဲ့စနစ် မဟုတ်တော့ဘဲနဲ့ ရုံပြိုင် စနစ်ပုံစံမျိုးဖြစ်လာတော့ ကျွန်တော်တို့ရုပ် ရှင်ကားကို စိတ်ဝင်စားတယ်ဆိုလို့ရှိရင် ရုပ် ရှင်ရုံတွေကနေကျွန်တော်တို့နဲ့တိုက်ရိုက် ချိတ်ဆက်ပြီးတော့ အရင်လိုမျိုးတန်းစီတာမျိုး မဟုတ်ဘဲနဲ့ မြန်မြန်တင်တဲ့စနစ်ကို ကျွန်တော်တို့ လုပ်မှာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071