Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalဒဏ်ကြေးမဆောင်သဖြင့် ကေပေါ့ပ် Psy...

ဒဏ်ကြေးမဆောင်သဖြင့် ကေပေါ့ပ် Psy ၏ နေအိမ် ယာယီသိမ်းဆည်းခံရ

ခရိုင်ရုံးက ချမှတ်ခဲ့သော စီမံခန့်ခွဲမှုဒဏ်ကြေးကို ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုကြောင့် အဆိုတော် Psy ၏ ဆိုးမြို့တော်ရှိ နေအိမ်ကို အာဏာပိုင်များက ယာယီသိမ်းဆည်းမှုလုပ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။

Biz Hankook သတင်းဌာနက ဖော်ပြသည့် သတင်းအရ အသက် ၄၆ နှစ်အရွယ် ပေါပ့်ကြယ်ပွင့်၏ Yongsan-gu ရှိ နေအိမ်တွင် တရားမဝင် မွမ်းမံပြင်ဆင်မှုလုပ်ခဲ့ခြင်းအတွက် ခရိုင်ရုံးသို့ တိုင်ကြားခံခဲ့ရသည်ဟု ဆိုခဲ့သည်။

အဆိုပါနေအိမ်သည် ချမ်းသာကြွယ်ဝသော Hannam-dong ခရိုင်ရှိ ဇိမ်ခံတိုက်ခန်းအဆောက်အအုံမှ တိုက်ခန်းတစ်ခုဖြစ်ပြီး ယင်းတွင် Psy ၏ မိသားစုက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် အိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

Psy အနေဖြင့် အိမ်တွင် ပြုလုပ်ထားသော ပြင်ဆင်မွမ်းမံထားမှုများကို ပြန်ဖျက်ပေးရန် သို့မဟုတ်ပါက ဒဏ်ကြေးပေးဆောင်ရန် ခရိုင်ရုံးက သတိပေးခဲ့သော်လည်း တစ်နှစ်ကျော်ကြာသည်အထိ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိဟု ဆိုသည်။ မေလတွင် အိမ်ကို ခရိုင်ရုံးက သိမ်းဆည်းခဲ့သည်။

ယင်းနောက်တွင် Psy က အောက်တိုဘာလ၌ ဒဏ်ကြေးများ ပေးဆောင်ခဲ့သောကြောင့် အိမ်သည် အစိုးရ၏ သိမ်းဆည်းမှုမှ ပြန်ကင်းလွတ်ခဲ့သည်။

Psy ၏ အေဂျင်စီဖြစ်သော P Nation က ပြောဆိုရာတွင် တရားမဝင်ပြင်ဆင်မွမ်းမံမှုများကို ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းကို ခရိုင်ရုံးက အကြောင်းကြားစာပို့မှသာ သူ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

အာဏာပိုင်များက ထုတ်ပြန်သော သတိပေးချက်နှင့် ပတ်သက်၍ Psy သည် နောက်ကျစွာ ဆောင်ရွက်ခဲ့သောကြောင့် ဒဏ်ကြေးပေးဆောင်ရန် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်ဟုလည်း အေဂျင်စီက ပြောဆိုခဲ့သည်။

သူနှင့် အိမ်ရာရှိ အခြားအိမ်ပိုင်ရှင်များသည် တရားမဝင် မွမ်းမံဆောက်လုပ်မှုများကို ပြန်လည်ဖျက်သိမ်းရန်အတွက် Yongsan-gu ရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း အေဂျင်စီက ဆက်လက်ပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071