Example အဖွဲ့ရဲ့ သီချင်း တွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် အခုအချိန်မှာအဖွဲ့ဝင်တွေစုပြီး အခွေတစ်ခွေလုပ်ဖို့ တိုင်ပင်ဖြစ်နေတဲ့အကြောင်းကို အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးမောင်မောင်က အခုလိုပြောပြခဲ့ပါတယ်။
”အခွေက တော့ ထွက်ဖို့ အစီအစဉ်ရှိပါတယ်။ Example အဖွဲ့အနေနဲ့ ဂီတဘက်ကို လုပ်ဖြစ်သွားရင်တောင် တစ်ခွေ ပဲထပ်ပြီး ထွက်ဖြစ်တော့မှာပါ။ ထွန်း ထွန်းဘက်ကလည်း အချိန်ပေးနိုင်မယ့်နေ့၊ ကျန်တဲ့သူတွေကလည်း ကိုယ်ပိုင်စီးပွားရေးတွေလုပ်နေကြ တာဆိုတော့ ဒီသူငယ်ချင်း ၄ ယောက် ပြန်ဆုံမယ့်နေ့၊ အားမယ့် နေ့ကို ဒီအခွေလေးကို လုပ်ဖြစ်မှာ ပါ။ ၂ဝ၁၉ ထဲမှာတော့ ထွက်ဖြစ်ဖို့ များပါတယ်။ အရင်တုန်းက ကျွန်တော်တို့ Example အဖွဲ့ဆိုတဲ့ Pop သီချင်းပုံစံလေး၊ Rap သီချင်း ပုံစံလေးအတိုင်းပဲ ပြန်မြင်ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။ အခုအချိန်မှာ ကိုယ်တိုင်ကလည်း သာ ယာတဲ့ မိသားစုဘဝ လေးကို ပိုင်ဆိုင်ထားပြီး သမီးလေးကလည်း အနုပညာ ကို ဝါသနာပါတဲ့အကြောင်းကိုလည်း ”ဖခင်တစ်ယောက်အနေနဲ့ကတော့ သူ့ကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ မျှော်မှန်းထားတဲ့အချိန်တစ်ခုရောက်လာရင် သူဖြစ်ချင်တဲ့အရာ တွေ အားလုံးကို ဖခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးသွား မှာပါ။ ကိုယ်တိုင်ကလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ဖြစ်နေတာဆိုတော့ အနုပညာဘက်ကို အချိန်သိပ်မပေးဖြစ်ဘဲ ကိုယ့်မိသားစုဖြစ်တဲ့ သမီးလေးနဲ့ မိန်းမကိုပဲ အချိန်ပေးဖြစ်နေတယ်” လို့ ဖြိုးမောင်မောင်က ပြောပြပါတယ်။
အဖွဲ့ဝင် ၃ ယောက်လုံးက အိမ်ထောင်ရက်သားကျနေပြီဖြစ်တဲ့အတွက် ထွန်းထွန်းကိုလည်း အိမ်ထောင်ပြုစေချင်နေပြီဆိုတာကိုလည်း ဖြိုးမောင်မောင် က ” ထွန်းထွန်းက သူ့ စိတ်ကိုမှန်းရခက်တယ်။ သူ့ကောင်မလေးကလည်းခင်ဖို့ကောင်းတယ်။ သူကဘာလုပ်ချင်မှန်းကိုမသိတာ။ အခု သူတွဲနေတဲ့ ကောင်မလေးက ကြာတော့ ကြာနေပြီ။ သူ့ကိုလည်း အိမ်ထောင် မြန်မြန်ကျစေချင်ပြီ။ သူက မကျသေးဘူး။ သူ့ကို ချက်ချင်းကို မင်္ဂလာဆောင်စေချင်တာ။ သူက မယူ လို့ ခက်နေတာ”ဆိုပြီး ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- မင်းမင်းထွန်း