Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeNewsLocal Newsထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်...

ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ဘွဲ့ရပုဂ္ဂိုလ် (၄၆) ပါး/ဦးနှင့် ထူးချွန်ရွှေတံဆိပ်ဆုရှင် မြန်မာရဟန်းတော်ကို သက်ဆိုင်ရာဆုနှင့်ဘွဲ့များ ပေးအပ်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် စုစုပေါင်း (၄၆)ပါး/ဦးနှင့် ထူးချွန်ရွှေတံဆိပ်ဆုရှင် မြန်မာရဟန်းတော်ကို သက်ဆိုင်ရာဘွဲ့များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ယမန်နေ့ ဇူလိုင်လ (၂၄) ရက်၊ မွန်းလွဲ (၁) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ 
မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပခဲ့‌ခြင်းဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ဆရာ တော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မက ထိက ဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြား ဆရာတော်ကြီးများ၊ သင်ကြား သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန် ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘွဲ့ရပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့်သံရုံးတာဝန် ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲရ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗုဒ္ဓ၏ တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာ ဂုဏ်ယူကြောင်း၊ ဤတက္ကသိုလ်ဆင်း ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များကို ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ သာသနာရေး ဗျူရိုဌာနများနှင့် ယင်းနိုင်ငံများရှိ ဗုဒ္ဓဘာသာတက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ်တာဝန်ပေးခြင်း ခံရသည်ဟု သိရသည့်အတွက် လွန်စွာကျေနပ်အားရမိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လျှောက်ထားသည်။

ဤတက္ကသိုလ်မှ သင်ကြားဆရာတော်ကြီးများအနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်း ပြည့်ဝစေရန်နှင့် ၎င်းတိုကို ဓမ္မလက်ဆောင် သင်ကြားဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူ၊ ကမ္ဘာသားများ၏ ကောင်းကျိုးများ ရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်း သိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများအားလုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက်ရကြောင်းကိုလည်း ပြည်ထောင်စု၀န်ကြီးက လျှောက်ထားခဲ့သည်။

ယင်းနောက် ပါမောက္ခချုပ်ဆရာတော်က ဘွဲရကျောင်းသားများကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) (၅) ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၄) ပါး/ဦး၊ ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) (၃၇) ပါး/ဦး၊ ဘွဲ့ရပုဂ္ဂိုလ် စုစုပေါင်း (၄၆)ပါး/ဦးကို ဘွဲ့နှင့်အဆောင်အယောင်များ ဆက်ကပ်တော်မူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ)တန်းမှ ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medallist) ထူးချွန်ရွှေတံဆိပ်ဆုရှင် မြန်မာရဟန်းတော် ဘဒ္ဒန္တပညာဝရ အား တက္ကသိုလ်က ချီးမြှင့်သည့် တစ်ကျပ်သား ရွှေစင်ရွှေပြားကို ပြည်ထောင်စုဝန်ကြီးက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ပြည်တွင်း၌သာမက ပြည်ပမှပါ မည်သူမဆို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကြီးကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိရာ ယနေ့အချိန်ထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်း ပြည်ပ သင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ (၄၅)ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၂၃၃)ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ (၈၄၁)ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ (၁၂၇၆)ပါး/ဦး၊ စုစုပေါင်း (၂၃၉၅)ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်တွင်း/ပြည်ပ သင်တန်းသား စုစုပေါင်း (၃၁၁) ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိ‌ကာ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာနှင့် ပါဠိဘာသာရပ်များအပြင် သမထနှင့် ဝိပဿနာဟူသော ဗုဒ္ဓဓမ္မကိုပါ လက်တွေ့ကျကျ အထူးတာဝန်ယူသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071