ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့် အမှတ်တရ ပန်းချီဆရာ ဘီ ညို၏ ‘ချစ်ခြင်းအားဖြင့် အလွမ်း’ ပန်းချီပြပွဲကို မန္တလေးမြို့ ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မင်္ဂလာမန္တလေး အနုပညာလမ်းရှိ သီရိပန်းချီအနုပညာပြခန်းမှာ သြ ဂုတ် ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
”ထူးအိမ်သင်း ရှိမယ်ဆိုရင် ၅၅ နှစ် ပြည့်ခဲ့ပြီ။ သူကွယ်လွန်တာ ၁၄ နှစ်ရှိပါပြီ။ ကျွန်တော်က ရန်ကုန်မှာ မွေးနေ့အမှတ်တရပန်းချီပြပွဲ ပြခဲ့ပြီး ပြီ။ မန္တလေးမှာပြမယ်ဆိုတော့ သူကွယ် လွန်တဲ့ အမှတ်တရနေ့ကို ရွေးဖြစ်ပါ တယ်။ ပြပွဲမှာထူးအိမ်သင်ကို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖွဲ့ဆိုထားတဲ့ ပန်းချီကား ပေါင်း၈၁ ကားပြသထားပါတယ်”ဟု ပန်းချီဆရာဘီညိုက ပြောပါတယ်။