Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...
HomeInternationalထိုင်း၌ မက်သာဖက်တမင်း ၁...

ထိုင်း၌ မက်သာဖက်တမင်း ၁ ဒသမ ၆ တန် ဖမ်းဆီးရမိ

ဘန်ကောက်၊ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၂၀ ရက်နေ့က စံချိန်တင်ဖမ်းဆီးရမိမှုအဖြစ် ခရစ်စတယ်မက်သာဖက်တမင်း တစ်တန်ခွဲကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမူးယစ်တိုက်ဖျက်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါ ခရစ်စတယ်မက်သာဖက်တမင်းများသည် အာဖရိကဘက်မှ အိန္ဒိယသို့ပို့ဆောင်ကာ ထိုင်းသို့ရောက်လာခြင်းဖြစ်ပြီး အနောက်နိုင်ငံများဖြစ်သည့် ဥရောပ၊အမေရိကနှင့်ဩစတြေးလျတို့သို့ပို့မည့်ပစ္စည်းများဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

မူးယစ်ဆေးများသိမ်းဆည်းရမိသည့်နေရာ၌ပင် လူလေးဦးကို ဖမ်းဆီးရမိခဲ့သည်ဟုလည်းသိရသည်။အဆိုပါမူးယစ်ဆေးများကို ချည်ထည်လိပ်များအတွင်း ဝှက်ထားခြင်းဖြစ်ပြီး စုစုပေါင်း ၁ ဒသမ ၆၅ တန်ခန့်ရှိသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“အခုဖမ်းမိတဲ့ပမာဏဟာ ကျွန်တော်တို့ ဖမ်းဆီးအရေးယူလာတဲ့ကာလတစ်လျှောက် စံချိန်တင်အများဆုံးဖမ်းမိတဲ့ပမာဏဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့ပြီး ဖမ်းဆီးရမိမှု၏တန်ဖိုးကိုပြောကြားခြင်းမရှိသော်လည်း ယမန်နှစ်မေလအထိပေါက်ဈေးအရ ခရစ်စတယ်မက်သာဖက်တမင်း တစ်တန်သည် အ မေရိကန်ဒေါ်လာ ၂၅ သန်းအထိရှိခဲ့သည်။

ရွှေတြိဂံဟုခေါ်သည့် မြန်မာ၊လာအိုနှင့် ထိုင်းသုံးနိုင်ငံဆုံရာဒေသမှထွက်ရှိသည့် တရားမဝင်မူးယစ်ဆေးဝါးများကို တင်ပို့ရာ၌ ထိုင်းနိုင်ငံသည် အချက်အချာကျသည့်လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။ အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071