Friday, May 1, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeNewsLocal Newsထိုင်း၊ မွန်နှင့် လာအိုလူမျိုးတို့၏...

ထိုင်း၊ မွန်နှင့် လာအိုလူမျိုးတို့၏ ဝါလကင်းလွတ် ဗုဒ္ဓပူ​ဇော်ပွဲ

သီတင်းကျွတ်လပြည့်နေ့မတိုင်မီတစ်ရက်(အဖိတ်နေ့)၊ ဗုဒ္ဓဘာသာဝါဆိုလပြီးဆုံးခြင်းကို အမှတ်အသားပြုသည့်နေ့တွင်၊ ဆမွတ်ပရာကန်(Samut Prakan) ခရိုင် ဘန်ဖလီ(Bang Phli) ဒိစတြိတ်ရှိ တူးမြောင်းများသည် ရောင်စုံပန်းများ၊ တေးဂီတသံများနှင့် ကြာပန်းတို့၏ သင်းပျံ့သောရနံ့တို့ဖြင့် သက်ဝင်လှုပ်ရှားလာကြ‌တော့မည်ဖြစ်သည်။

ဘန်ဖလီ ကြာပန်းပူဇော်ပွဲ သို့မဟုတ် ရပ်ဘူအာ(Rab Bua) သည် ပန်းပူဇော်ခြင်းသက်သက်မျှသာမဟုတ်မူပဲ၊ ဒေသခံလူ့အဖွဲ့အစည်း၏ ဘာသာပေါင်းစုံ ယဉ်ကျေးမှုအရင်းအမြစ်များကို ပြောပြနေသည့် ရာစုနှစ်များစွာ သက်တမ်းရင့်နေသော ဓလေ့ထုံးစံတစ်ခုဖြစ်သည်။

ကြာပန်းဆက်ကပ်အလှူပွဲတော်မှာ ဒေသခံများနဲ့ ဘုရားဖူးများက ဗုဒ္ဓရုပ်ပွားတော်ကို တင်ဆောင်လာသည့် လှေပေါ်သို့ ကြာပန်းများ ပစ်ပေါက်လှူဒါန်းပြီး ဆုတောင်းတွေ ပြည့်ဝလိမ့်မယ်လို့ ယုံကြည်ကြသည်။ ပွဲတော်တွင် လှေပြိုင်ပွဲများ၊ ရေပေါ်ဆွမ်းလောင်းပွဲများ နဲ့ စည်ကားတဲ့ ဈေးဆိုင်တန်းတများလည်း ပါဝင်သည်။​ဖော်​တော်ဦး ဘုရား ဒေသစာရီ ကြွသလိုမျိုးနဲ့ ဆင်ဆင်​ပေါ့။

ယခုလက်ရှိ မြင်တွေ့ရသော စက်မှုဇုန်များနှင့် ဂိုဒေါင်များထက် ပိုမိုလှပဆွဲဆောင်မှုရှိခဲ့သည့် ယခင်က ဘန်ဖလီ၏ အချိန်များတွင် ထိုင်း၊ မွန်နှင့် လာအိုလူမျိုးများသည် ရေလမ်းကြောင်းများကို အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုခဲ့ကြပြီး ကာလကြာရှည်စွာတည်တံ့သည့် ဓလေ့တစ်ခုကို ဖန်တီးခဲ့ကြသည်။

လွန်ခဲ့သောနှစ်များစွာက ဘန်ဖလီသည် လယ်ယာစိုက်ပျိုးရေးရာတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော အဆိုပါလူမျိုးစုသုံးစု၏ နေထိုင်ရာဖြစ်သည်။ သူတို့သည် တူးမြောင်းများတစ်လျှောက် အခြေချနေထိုင်ခဲ့ကြသည်။ လာအိုလူမျိုးများသည် ခလွန်ဆလတ် (Khlong Salud) တွင်လည်း‌ကောင်း၊ ထိုင်းလူမျိုးများသည် ခလွန်ချွက်လပ်ခေါဝ်(Khlong Chuat Lak Khao) တွင်လည်း‌ကောင်း၊ မွန်လူမျိုးများသည် ခလွန်လတ်ခရာဘန်(Khlong Lat Krabang) တွင်လည်း‌ကောင်း နေထိုင်ခဲ့ကြသော်လည်း သူတို့အချင်းချင်း ဆက်ဆံဆက်သွယ်မှုများသည် ယင်းဘုံဓလေ့များနှင့်အတူပင် ဆက်လက်တည်တံ့ခဲ့သည်။

ရွှေ‌ဝါရောင်ထပ်တစ်ရာပန်းများ၊ ငှက်ပျောဖက်များနှင့် ရောင်စုံအလံများဖြင့် အလှဆင်ထားသော လှေသည် တူးမြောင်းတစ်လျှောက် ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ လှေဖြတ်သွားချိန်တွင် လက်အုပ်များချီ၍ ဆုတောင်းကြပြီး ၎င်းတို့၏ကြာပန်းများကို လေထဲသို့လွှင့်တင် ပစ်ပေါက်ကြသည်။ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်းကို ကိုယ်စားပြုသည့် ကြာပန်းများသည် ပန်းမိုးရွာနေသကဲ့သို့ လေထဲတွင် ပျံဝဲကာ မြင့်မြတ်သော ရုပ်ပွားတော်တစ်ဆူဆီသို့ ဦးခိုက်ပူ​ဇော်နေကြသည်။

ပွဲတော်၏ အလှဆုံး မြင်ကွင်းများကို ကြည့်ရှုလိုပါက နေမထွက်မီ ဆမ်ရွန်းတူးမြောင်း(Samrong Canal) တစ်လျှောက်ကြ‌ည့်နိုင်သည်။

အဆိုပါပွဲတော်သည် ဘာသာရေးသက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုနှင့် ပျော်ရွှင်မှုတို့ကိုလည်း ဂုဏ်ပြုသောပွဲတော်ဖြစ်သည်။

မွန်လူမျိုးများသည် ငှက်များနှင့် ကြွက်များကြောင့် ဆန်စပါးအထွက်နှုန်း မကောင်းသောအခါ ၎င်းတို့၏ မူလအခြေချရာ ပတ်လတ်(Pak Lat) (ယခု ဖရာပရာဒဲန် Phra Pradaeng) သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။

ထိုသို့ မပြောင်းရွှေ့ကြမီ သူတို့သည် ဒေသတွင်းရေကန်များမှ ကြာပန်းများကို စုဆောင်းကာ လွမ်ဖိုတို ကျောင်းတိုက်(Wat Luang Pho To) တွင် သိမ်းဆည်းထားရန် ထိုင်းလူမျိုးများကို အပ်နှံခဲ့ပြီး နောက်နှစ်တွင် မြင့်မြတ်သောကြာပန်းများအတွက် ပြန်လာကြမည်ဟု ကတိပြုခဲ့ကြသည်။

ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သည့် လစ်ခ်-ပရာပိုင် ဝီရီယာဖန်ဖောင်ဒေးရှင်း(Lek-Prapai Viriyaphan Foundation)၏ အဆိုအရ ထိုအချိန်က မွန်လူမျိုးများသည် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့်အတူ စုဝေးကြပြီး တေးဂီတနှင့် ပန်းကုံးများဖြင့် အလှဆင်ထားသော လှေများဖြင့်ချောင်ဖယားမြစ် ကမ်းနားမှ တစ်ဆင့် ဘန်ဖလီသို့ သွားကြသည်။

ယခု‌အခါတွင် ပွဲတော်ကို လသွားပြက္ခဒိန်၏ ၁၁လပိုင်း ၁၄ ရက်မြောက်နေ့တိုင်း ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ယခုနှစ်တွင် အောက်တိုဘာ ၆ ရက်နေ့မှာ ဘန်ဖလီ ကြာပန်းပူဇော်ပွဲနေ့ဖြစ်လေသည်။မြန်မာများက သီတင်းကျွတ်ပွဲ​တော်အဖြစ်ဆင်နွဲကြမည်ဖြစ်သည်။

ကြာပန်းဆက်ကပ်ပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ ၉ရက်ကျင်းပ​လေ့ရှိသည်။ယခုနှစ် အချိန်ဇယားက​တော့ ​အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိ ထွက်ထားပြီဖြစ်သည်။

Source: today.lune.me

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071