Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော...

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Film Thanapat ၊ Perth TanponTanpon ၊ Santa Pongsapak တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ထိုင်းသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ ထိုင်းမင်းသား Film Thanapat နှင့် တွေ့ဆုံမေးမြန်းခြင်း၊ Thai Festival 2025 in Yangon ဖွင့်ပွဲအခမ်းအနားပြီးနောက် ထိုင်းရိုးရာအကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သည်။

ထို့‌ေနာက် T-Pop Star Challenge Myanmar Season 2 Semi-Finalist (၈)ယောက်၏ ယှဉ်ပြိုင်မှုအပြီးတွင် T-POP Star Challenge Season 1 (2024) Winner Baron Hayne မှ ဖျော်ဖြေခဲ့ကာ ထိုင်းနာမည်ကြီးအနုပညာရှင်များဖြစ်သည့် Perth-Santa ၊ Num Kala တို့မှ ပရိသတ်များကို ဖျော်ဖြေတင်ဆက်ခဲ့သည်။

T-Pop Star Challenge Myanmar Season 2 တွင် ဒိုင်အဖြစ် ထိုင်းနိုင်ငံမှ Dome Jaruwat, Gam Wichayanee, Num Kala တို့အပြင် Special Guest အဖြစ် Perth-Santa, Film Thanapat တို့မှ Semi-Finalists (၈) ဦးအား အကဲဖြတ်အမှတ်ပေးခဲ့ပြီးနောက် T-POP Star Challenge Myanmar Season 2 ရဲ့ Finalists (၃) ဉီးမှာ T3 Naw Sydney, T4 Zea, T8 Chris တို့ဖြစ်သည်။

T-POP Star Challenge Myanmar Season 2 Final အား မနက်ဖြန် ဂျွန်လ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

Thai Festival 2025 in Yangon ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်းလက်ခံတွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်ကိုလည်းတက်ရောက်သွားမည်ဖြစ် ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေး နွေးသွားမည်ဖြစ်ကာ ခရီးစဉ်အား...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများအားဆက်သွယ်လှူဒါန်းနိုင်သည့် လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့က အသိ ပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (DDM)ရုံးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(Red Cross)ဌာနချုပ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ အစိုးရကထူထောင်ထားသည့် ရေ ဘေးကူညီရေးနှင့် ကယ်ဆယ်ရေးစခန်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့လည်းဆက်သွယ်လှူ ဒါန်းနိုင်သည်ဟု အသိပေးခဲ့သည်။

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။ ပျက်စီးသွားသည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃) ဖာလုံနှင့် (၆) မိုင် (၄) ဖာလုံအကြား တည်ရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071