စက်တင်ဘာ ၂၇ ရက်က ကန်ချနပူရီ၊ ထာ့စဝ်ခရိုင်ခွဲ စိုင်းဆောင်ခရိုင် အဝေးပြေးလမ်းမကြီး ၃၂၃ တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ပြေးရန်ကြိုးစားသည့်ကား တာယာကွဲ၍ ထိုးရပ်သွားပြီးနောက် ယာဉ်မောင်းမှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထိုပ-စ်ကပ်ထရပ်ကားအတွင်း လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆ ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
ပစ်ကပ်ကားနောက်သို့ ရဲကားလိုက်စဥ်တွင် ပစ်ကပ်ကားမှာပျ-က်သွားပြီးတာယာကွဲကာ ထိုးရပ်သွားသည်။
ပ-စ်ကပ်ယာဉ်မောင်းက ယာဉ်နှင့်ခရီးသည်များကို ချန်ထားခဲ့ကာ အမှောင်ထဲထွက်ပြေးလွတ်မြောက်သွားသည်။
ရွှေ့ပြောင်းလုပ်သားများကိုမေးမြန်းရာတွင်၄င်းတို့ သည် နခွန်ပသိုမ်နှင့် စမွတ်စခွန်ပြည်နယ်များတွင် အလုပ်ရှာရန် ရန်ကုန်နှင့် ရခိုင်ပြည်နယ်မှ ထွက်လာကြကြောင်း ဖြေကြားခဲ့သည်။ ပွဲစားအားတစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးပြီး တရားမ၀င်ဖြတ်ကျော်လာကြကြောင်းထွက်ဆိုသည်။
၂၆ ဦးစလုံး တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံတွင် နေထိုင်နေသဖြင့် ၎င်းတို့အား ဆိုင်းထောင် ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။
Source: khaosod
