Looking for something?

Explore the website

Looking for something?

Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeNewsLocal Newsထိုင်းရောက် မြန်မာလုပ်သားများ ငွေလွှဲရာတွင်...

ထိုင်းရောက် မြန်မာလုပ်သားများ ငွေလွှဲရာတွင် ၀န်ဆောင်ခသက်သာစွာဖြင့် တရားဝင်လွှဲပြောင်းနိုင်မည့် DeeMoney Application စတင်မိတ်ဆက်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နိုင်ငံအတွင်းသို့ ငွေလွှဲရာတွင် ၀န်ဆောင်ခသက်သာစွာဖြင့် တရား၀င်လွှဲပြောင်းနိုင်မည့် DeeMoney Application မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၉ရက် (ယမန်နေ့)က ထိုင်းနိုင်ငံရှိ Solitaire Bangkok Hotel တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ DeeMoney Application မှ တာ၀န်ရှိသူများ၊ မြန်မာသံရုံးမှတာ၀န်ရှိသူများ၊ မြန်မာအလုပ်သမားသံအရာရှိနှင့် ဖိတ်ကြားထားသည့် ထိုင်း၊ မြန်မာမီဒီယာများ တက်ရောက်ခဲ့ကြသည်။

“အလုပ်သမားတွေက မြန်မာပြည်ကို ငွေလွှဲရင်အိမ်တိုင်ရာရောက် (တရားမ၀င်)ငွေလွှဲတဲ့စနစ် သုံးတဲ့အခါ စာရွက်စာတမ်းမလိုအပ်တော့ လွယ်ကူအဆင်ပြေပေမဲ့ လုံခြုံမှုမရှိဘူး။ အဲဒီတော့ သူတိုရဲ့ ကိုယ်ပိုင်ငွေကြေးစနစ် မပြနိုင်တော့ နောက်ပိုင်း ရင်းနှီးမြှုပ်နှံတာမျိုး၊ ငွေချေးတာမျိုးဆို ယုံကြည်မှုလျော့နိုင်တယ်။ DeeMoney ကဆိုရင် အထောက်အထားကျန်တော့ နောင်မှာချေးငွေအတွက် ပြနိုင်မယ်။ ဟွန်ဒီ (တရားမ၀င်ငွေလွှဲ)က လွယ်ကူပေမဲ့ ဒေတာမကျန်ဘူး။ DeeMoney ကို သုံးရင်တော့ ငွေလွှဲချိန်မှာလည်း ဒေတာကျန်နေမယ်။ ဘယ်ဟာနဲ့လွှဲရင် အကျိုးပိုရှိနိုင်တယ်ဆိုတာ နောင်သိလာနိုင်ပါတယ်” ဟု Co-founder and CEO of Deemoney ၏ Khun Aswin Phalaphongphanich က ပြောကြားသည်။

ယင်း Application သည် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ တရား၀င်ငွေလွှဲနိုင်မည့် ထိုင်းနိုင်ငံ၏ ပထမဆုံး နိုင်ငံဖြတ်ကျော် Mobile Application ဖြစ်ကြောင်း၊ ငွေလွှဲပြောင်းမှုကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ဗဟိုဘဏ်များထံမှ ၂၀၂၃ ခုနှစ်အတွင်း တရား၀င်ရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ထိုင်းနိုင်ငံမှ နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

“Deemoney ကို သုံးချင်ရင် ထိုင်းဘက်မှာရော မြန်မာဘက်ပါမှာ ဘဏ်အကောင့်ဖွင့်ထားရမယ်။ သူက ၂၄နာရီ ၇ ရက်လုံး အလုပ်လုပ်နေပြီး ပိုက်ဆံကို ဒီနေ့လွှဲရင် မနက်ဖြန်ရောက်မယ်။ ဒီထဲမှာ ကျောင်းသားတို့လို အထူး Customer တို့အတွက် ပရိုမိုးရှင်းကုဒ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီကုဒ်ကိုမသုံးဖြစ်ရင် တခြားသူကိုပေးသုံးလို့ရတယ်။ ကန့်သတ်ထားတာမျိုးမရှိဘူး” ဟု မစ္စတာ Aswin ကဆိုသည်။

တစ်ကြိမ်ငွေလွှဲလျှင် အများဆုံး မြန်မာကျပ်ငွေသိန်း (၁၀၀) နှင့်ညီမျှသည့် ထိုင်းဘတ်‌ငွေ လွှဲပြောင်းနိုင်ကြောင်း၊ အခြားနိုင်ငံများထက် မြန်မာနိုင်ငံသို့ လွှဲမည်ဆိုပါက ပမာဏမည်မျှလွှဲသည်ဖြစ်စေ ၀န်ဆောင်ခမှာ ၄၉ ဘတ်သာကျသင့်မည်ဖြစ်ပြီး ငွေလွှဲပြောင်းစဉ် အမှားအယွင်းတစ်စုံတစ်ရာဖြစ်၍ ထုတ်ယူသူထံမရောက်ရှိခဲ့ပါက လိုအပ်သည်များ စိစစ်ကာ တစ်ပတ်အတွင်း လွှဲပြောင်းသူထံ လွှဲပြောင်းခဲ့သည့် စျေးနှုန်းအတိုင်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071