Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeNewsLocal Newsထိုင်းရောက် မြန်မာလုပ်သားများ ငွေလွှဲရာတွင်...

ထိုင်းရောက် မြန်မာလုပ်သားများ ငွေလွှဲရာတွင် ၀န်ဆောင်ခသက်သာစွာဖြင့် တရားဝင်လွှဲပြောင်းနိုင်မည့် DeeMoney Application စတင်မိတ်ဆက်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နိုင်ငံအတွင်းသို့ ငွေလွှဲရာတွင် ၀န်ဆောင်ခသက်သာစွာဖြင့် တရား၀င်လွှဲပြောင်းနိုင်မည့် DeeMoney Application မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၉ရက် (ယမန်နေ့)က ထိုင်းနိုင်ငံရှိ Solitaire Bangkok Hotel တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ DeeMoney Application မှ တာ၀န်ရှိသူများ၊ မြန်မာသံရုံးမှတာ၀န်ရှိသူများ၊ မြန်မာအလုပ်သမားသံအရာရှိနှင့် ဖိတ်ကြားထားသည့် ထိုင်း၊ မြန်မာမီဒီယာများ တက်ရောက်ခဲ့ကြသည်။

“အလုပ်သမားတွေက မြန်မာပြည်ကို ငွေလွှဲရင်အိမ်တိုင်ရာရောက် (တရားမ၀င်)ငွေလွှဲတဲ့စနစ် သုံးတဲ့အခါ စာရွက်စာတမ်းမလိုအပ်တော့ လွယ်ကူအဆင်ပြေပေမဲ့ လုံခြုံမှုမရှိဘူး။ အဲဒီတော့ သူတိုရဲ့ ကိုယ်ပိုင်ငွေကြေးစနစ် မပြနိုင်တော့ နောက်ပိုင်း ရင်းနှီးမြှုပ်နှံတာမျိုး၊ ငွေချေးတာမျိုးဆို ယုံကြည်မှုလျော့နိုင်တယ်။ DeeMoney ကဆိုရင် အထောက်အထားကျန်တော့ နောင်မှာချေးငွေအတွက် ပြနိုင်မယ်။ ဟွန်ဒီ (တရားမ၀င်ငွေလွှဲ)က လွယ်ကူပေမဲ့ ဒေတာမကျန်ဘူး။ DeeMoney ကို သုံးရင်တော့ ငွေလွှဲချိန်မှာလည်း ဒေတာကျန်နေမယ်။ ဘယ်ဟာနဲ့လွှဲရင် အကျိုးပိုရှိနိုင်တယ်ဆိုတာ နောင်သိလာနိုင်ပါတယ်” ဟု Co-founder and CEO of Deemoney ၏ Khun Aswin Phalaphongphanich က ပြောကြားသည်။

ယင်း Application သည် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ တရား၀င်ငွေလွှဲနိုင်မည့် ထိုင်းနိုင်ငံ၏ ပထမဆုံး နိုင်ငံဖြတ်ကျော် Mobile Application ဖြစ်ကြောင်း၊ ငွေလွှဲပြောင်းမှုကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ဗဟိုဘဏ်များထံမှ ၂၀၂၃ ခုနှစ်အတွင်း တရား၀င်ရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ထိုင်းနိုင်ငံမှ နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

“Deemoney ကို သုံးချင်ရင် ထိုင်းဘက်မှာရော မြန်မာဘက်ပါမှာ ဘဏ်အကောင့်ဖွင့်ထားရမယ်။ သူက ၂၄နာရီ ၇ ရက်လုံး အလုပ်လုပ်နေပြီး ပိုက်ဆံကို ဒီနေ့လွှဲရင် မနက်ဖြန်ရောက်မယ်။ ဒီထဲမှာ ကျောင်းသားတို့လို အထူး Customer တို့အတွက် ပရိုမိုးရှင်းကုဒ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီကုဒ်ကိုမသုံးဖြစ်ရင် တခြားသူကိုပေးသုံးလို့ရတယ်။ ကန့်သတ်ထားတာမျိုးမရှိဘူး” ဟု မစ္စတာ Aswin ကဆိုသည်။

တစ်ကြိမ်ငွေလွှဲလျှင် အများဆုံး မြန်မာကျပ်ငွေသိန်း (၁၀၀) နှင့်ညီမျှသည့် ထိုင်းဘတ်‌ငွေ လွှဲပြောင်းနိုင်ကြောင်း၊ အခြားနိုင်ငံများထက် မြန်မာနိုင်ငံသို့ လွှဲမည်ဆိုပါက ပမာဏမည်မျှလွှဲသည်ဖြစ်စေ ၀န်ဆောင်ခမှာ ၄၉ ဘတ်သာကျသင့်မည်ဖြစ်ပြီး ငွေလွှဲပြောင်းစဉ် အမှားအယွင်းတစ်စုံတစ်ရာဖြစ်၍ ထုတ်ယူသူထံမရောက်ရှိခဲ့ပါက လိုအပ်သည်များ စိစစ်ကာ တစ်ပတ်အတွင်း လွှဲပြောင်းသူထံ လွှဲပြောင်းခဲ့သည့် စျေးနှုန်းအတိုင်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့်...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့ သစ်ပင်အများအပြားလဲကျ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ ကျေးရွာချင်းဆက်ကားလမ်း၊ ပွင့်ဖြူ-စလင်းသွားကားလမ်းမပေါ်တို့သို့ ကုက္ကိုပင်၊ ကု လားမန်ကျည်းပင်၊ ကင်ပွန်းခါးပင်၊ ထနောင်းပင်၊ ယူ ကလစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးပဲ့ကျခြင်းများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာနေသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071