Sunday, September 20, 2026

မော်စကိုမြို့တွင်”လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ” အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက "လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ" အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...
HomeNewsLocal Newsထိုင်းဘုရင်၏ (၇၂)နှစ်မြောက်မွေးနေ့ တော်ဝင်အခမ်းအနားသို့...

ထိုင်းဘုရင်၏ (၇၂)နှစ်မြောက်မွေးနေ့ တော်ဝင်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မင်းသုံးပါးရုပ်ထုရင်ပြင် ၌ ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည့် ၂၀၂၄ ခုနှစ် ၊ ဇူလိုင် ၂၈ ရက်ကကျရောက်သော ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ (၇၂)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် တော်ဝင်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်း တက်ရောက်ခဲ့သည်။

မွေးနေ့အထိမ်းအမှတ် တော်ဝင်အခမ်းအနားအား ထိုင်းနိုင်ငံ(မြောက်ပိုင်း)ရှိ တော်ဝင်မျိုးနွယ်များက ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်းကွန်းနှင့် မိဖုရားတို့၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေတိုးပွားစေရန် ရှေးခေတ်လန်နားဘုရင့်နိုင်ငံ၏ ရိုးရာအစဉ်အလာထုံးတမ်းများနှင့် အညီ Bai Sri Su Khwan ကိုကျင်းပခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားသို့ ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား၊ ဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ပြည်ထဲရေး၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

ထို့ပြင် ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ထိုင်းနိုင်ငံ (မြောက်ပိုင်း)ရှိ တော်ဝင်မိသားစုများ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် ပြည်သူများလည်းတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်စကိုမြို့တွင်”လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ” အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက "လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ" အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်အား ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များရွေးကောက်ပွဲကို ပြည်ပရွေး ကောက်ပွဲစောင့်ကြည့်သူကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ဒူးမားလွှတ်တော်အမတ်များရွေးချယ်မည့် ရွေးကောက်ပွဲအစီအစဉ်များနှင့် ပြင်ဆင်ဆောင် ရွက်ခဲ့မှုများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် (၈)နိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာနိုင်ငံအလိုက် ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများကိုမျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071