လက်ရှိထိုင်းဘုရင် ရာမ ၁၀ ၏သမီးကြီး တော်ဝင်မင်းသမီး Bajrakitiyabha သည်ရုတ်တရက် နှလုံးရောဂါကြောင့် ချူလာလောင်ကွန်းဆေးရုံတွင် သတိလစ်နေသည်မှာ သုံးပတ်ကြာလာပြီဖြစ်သည်။
အိမ်တော်ဗျူရိုက စနေနေ့နှောင်းပိုင်းတွင် ထုတ်ပြန်သည့် တတိယမြောက် ကြေညာချက်တွင် “မင်းသမီးလေးရဲ့ နှလုံးဟာ mycoplasma ဘက်တီးရီးယားပိုး ကူးစက်ခံရပြီး သတိလစ်သွားခဲ့တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆရာဝန်များက သူမအား ပဋိဇီဝဆေးများဖြင့်ကုသပေးနေပြီး နှလုံး၊ အဆုတ်နှင့် ကျောက်ကပ်များ၏ လုပ်ဆောင်မှုများသည် စက်နှင့်သာ ဆက်လက်လုပ်ဆောင်နေရပါသည်။
ဘုရင်နှင့် မိဖုရားတို့က စနေနေ့တွင် သတိလစ်မေ့မြောနေသည့် မင်းသမီး Bajrakitiyabha ရှိရာ ချူလာလောင်ကွန်းဆေးရုံသို့လာရောက်ကြည့်ရှုခဲ့ကြသည်။
Source:khaosod

