ဩဂုတ် ၂၇
ထိုင်းနှင့် ကမ္ဘောဒီးယားစစ်ခေါင်းဆောင်များသည် မကြာသေးမီကပြုလုပ်သည့် ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) အစည်းအဝေးတွင် သဘောတူညီချက် ၁၁ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်၊ ရန်စမှုများကို ရှောင်ရှားရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရမည်ဟု ကတိပြုထားကြသည်။
အစည်းအဝေးကို ချုံစနမ် အမြဲတမ်းနယ်စပ်စစ်ဆေးရေးဂိတ်တွင် ပြုလုပ်ခဲ့ကြောင်း အရှေ့မြောက်ပိုင်းပြည်နယ်များကို တာဝန်ခံသည့် ထိုင်းစစ်တပ် အမှတ် (၂) တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆိုင်း ပတ်ခ်လန်က ပြောသည်။
ဇူလိုင်လ ၂၈ ရက်နှင့် သြဂုတ် ၇ ရက် နေ့တို့တွင် ချုပ်ဆိုခဲ့သော ယခင်သဘောတူညီချက်များအရ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို ဇူလိုင် လူ ၂၈ ရက်နေ့က စတင်အသက်ဝင်သည့် အပ-စ်အခ-တ်ရပ်စဲရေး အပါအဝင် ကတိကဝတ်ပြုခဲ့ကြောင်း ၎င်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ပွင့်လင်းမြင်သာစွာဆက်ဆံရေးကို ထိန်းသိမ်းထားရန်၊ စစ်သားသို့မဟုတ် အရပ်သားများ၏ ရန်စကျူးကျော်မှုများကိုရှောင်ရှားရန်နှင့် အဆင့်တိုင်းတွင် ပိုမိုကောင်းမွန်သော တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ယုံကြည်မှုကိုခိုင်မြဲစေမည်ဟု ကတိပြုခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆိုင်း က ပြောကြားခဲ့သည်။
အရေးကြီးသည်မှာ နှစ်ဖက်စလုံးသည် လူထု၏ စိတ်ဓာတ်ကို ထိခို-က်စေနိုင်သော သို့မဟုတ် ရန်လိုမှုများကို တိုးမြင့်လာစေမည့် သတင်းမှားများဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရန် သဘောတူညီခဲ့ကြသည်။
ကင်းလှည့်ခြင်းနှင့် အခြေခံအဆောက်အဦးလုပ်ငန်းများကဲ့သို့သော လက်တွေ့ကျသော ဘေးကင်းရေးအစီအမံများ လိုအပ်ကြောင်း ကိုယ်စားလှယ်နှစ်ဦးတို့သည် နိုင်ငံတော်နယ်နိမိတ်အတွင်း ရှိနေကြပြီး အပ-စ်အခ-တ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်များကိုလိုက်နာရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းလာစေရန်အတွက် နယ်ခြားစောင့်တပ်မှူးများ၊ ဆက်ဆံရေးအရာရှိများနှင့် စစ်ဆင်ရေးယူနစ်များ ချိတ်ဆက်သည့် ညှိနှိုင်းရေးအဖွဲ့အသစ်ဖွဲ့စည်းရန် မူအားဖြင့်သဘောတူခဲ့ကြသည်။ အဆိုပါ ယန္တရား ကို တရားဝင်ထူထောင်၍မပြီးမချင်း ဆက်ဆံရေးအဖွဲ့များကြား အပတ်စဉ် သို့မဟုတ် သီးသန့်အစည်းအဝေးများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဆွေးနွေးမှုရဲ့ အဓိကအချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး ဖြစ်ပါတယ်။ ထိုင်းက မိုင်းရှင်းလင်းရေး ပူးတွဲလုပ်ဆောင်ဖို့ ကမ္ဘောဒီးယားကို ဖိအားပေးခဲ့တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆိုင်းက ပြောကြားပြီး နှစ်နိုင်ငံစလုံးသည် Ottawa စာချုပ်ပါ မြေမြှုပ်မိုင်းအသုံးပြုမှု မူကို ချိုးဖေ-ာက်ခဲ့သည့်အကြောင်းကို အလေးပေးပြောကြားခဲ့သည်။
ကမ္ဘောဒီးယားသည် ၎င်း၏နောက်ဆုံးရပ်တည်ချက်သဘောထားကို မဖော်ပြထားသော်လည်း ယင်းကိစ္စကို အရပ်ဘက်အေဂျင်စီများနှင့် နိုင်ငံရေးပါဝင်သူများ စုစည်းထားသည့် အထွေထွေနယ်စပ်ကော်မတီ (GBC) သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။
အလားတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေ-ာက်ကားမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည် ဂိုဏ်းများက လုပ်ဆောင်သည့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများ တို-က်ဖျ-က်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း မူအားဖြင့် ထောက်ခံထားသော်လည်း အတည်ပြုချက်အတွက် GBC သို့လည်း ရည်ညွှန်းသွားမည်ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ၏ ဦးစားပေးမှာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုရှိစေရန်ဖြစ်ပြီး မြေမြှုပ်မိုင်းအသုံးပြုမှု အထောက်အထား တစ်စုံတစ်ရာကို တရားဝင် ကန့်ကွက်သွားမည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆိုင်း က ပြောခဲ့သည်။
Ref: ဘန်ကောက်ပိုစ့်
