ထိုင်းနိုင်ငံ Royal Thai Air Force မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လှူဒါန်းမှုအနေဖြင့် မြန်မာပြည်သူများအတွက် ထိုင်းပြည်သူများ၏ အားဖြည့်မှု၊ ထိုင်းနိုင်ငံမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို ထိုင်းနိုင်ငံ Royal Thai Air Force မှ တာ ဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
မတ်လ (၂၈) ရက်က စစ်ကိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက်ပြည်တွင်း၊ ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
