ထိုင်း၊ဇူလိုင်-၂၃
ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားသံမှူးနှင့်အဖွဲ့က ဆေးရုံသို့ သွားရောက်ကာ ကုသပေးနေသည့် ဆရာဝန်များနှင့် တွေ့ဆုံ၍ လူနာ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး ဒ-ဏ်ရာရရှိထားသည့် မြန်မာအလုပ်သမားနှင့်လည်း တွေ့ဆုံအားပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။
ထို့ပြင် အဆိုပါ အလုပ်သမားအတွက် ရရှိသင့်သည့် လျော်ကြေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အလုပ်သမားသံမှူးနှင့်အဖွဲ့သည် ဒ-ဏ်ရာရ အလုပ်သမားအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်အတွင်း ယာဉ်တို-က်မှုကြောင့် အသ-က်ဆုံးရှုံးခဲ့ရသည့် မြန်မာလုပ်သားတစ်ဦး၏ ခံစားပိုင်ခွင့်များအတွက် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့သေးသည်။
