Monday, August 17, 2026

မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ်...

ရန်ကုန်၊ ဩဂုတ် ၁၇ AFC Women's Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန်...

လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်းဖွင့်ထားသည့် ဘုန်းတော်ကြီးကျောင်း၊...

လေးမျက်နှာ၊ ဩဂုတ် ၁၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စျေးကောင်းရနေ

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် တစ်လသာကျန်ရှိတော့သည့် အချိန်တွင် ပြည်တွင်းပြောင်းတင်ပို့မှု စျေးကောင်းရနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုမှာ ဇွန်လကုန်တွင် ပြီးဆုံးမည်ဖြစ်သဖြင့် လက်ရှိကာလတွင် ပြောင်းတင်သင်္ဘောများဖြင့် အလုအယက် တင်ပို့နေကြကြောင်း သိရသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ပြောင်းတစ်ပိဿာလျှင် ကျပ် ၁၉၅၀ ခန့်ပေါက်ဈေးရှိနေပြီး ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများတွင် တစ်ပိဿာလျှင် ကျပ် ၁၉၂၀ မှ ၁၉၃၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်မှာတော့ ဈေးကောင်းနေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ပုံမှန်ဈေးတန်းပဲရှိပါတယ်” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကို ယခင်က ပင်လယ်ရေကြောင်းမှသာ အဓိကတင်ပို့နေခဲ့သော်လည်း မေလကုန်ပိုင်းမှစတင်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တာချီလိတ်မှလည်း အနည်းငယ် ပြန်လည်တင်ပို့လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြောင်းလိုအပ်ချက် မြင့်တက်နေပြီး မြန်မာပြောင်းဝယ်ယူမှု တိုးလာနိုင်သဖြင့် ပြောင်းတင်ပို့မှုကာလပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း နယ်စပ်မှတစ်ဆင့် ဆက်လက်တင်ပို့နိုင်ခြေရှိကြောင်း ပြောင်းကုန်သည်များက သုံးသပ်ထားသည်။

မေ ၃၀ ရက်တွင် FOB ပြောင်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇၀ ကျော်မှ ၂၈၅ ဒေါ်လာကျော်အထိ ပေါက်ဈေးရှိလာပြီး ရန်ကုန်ဆိပ်ကမ်းဈေးတွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁၉၂၀ မှ ၁၉၅၀ အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

မန္တလေးပြောင်းဈေးကွက်တွင်လည်း ပြောင်း (ရှမ်း) ၅၄ ပိဿာ တစ်အိတ်လျှင် ကျပ် ၈၄,၀၀၀ မှ ၈၅,၀၀၀ အထိရှိနေပြီး ပြောင်း (စီပီ) တစ်အိတ်လျှင် ကျပ် ၈၆,၀၀၀ မှ ၈၇,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် ပြော

ရန်ကုန်၊ ဩဂုတ် ၁၇ AFC Women's Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiro က ပြောသည်။ ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ပြုလုပ်သည့် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် Kumiko Tashiro က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီပွဲမှာ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အသင်းတိုင်းကလည်း အနိုင်ရဖို့ ပြင်ဆင်လာကြတာဖြစ်တဲ့အတွက် လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။...

လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်းဖွင့်ထားသည့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ၁၀၂ ကျောင်းရှိ၊ အလှူငွေကျပ် ၈၁၈ သိန်း လှူဒါန်း

လေးမျက်နှာ၊ ဩဂုတ် ၁၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရသည်။ အဆိုပါကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ် ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းရရှိသည့် အလှူငွေကျပ် ၈၁၈ သိန်းကို ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071