Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeNewsLocal Newsထိုင်းနိုင်ငံသား (၅) ဦး...

ထိုင်းနိုင်ငံသား (၅) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားနေထိုင်ကြရန် FED မှ တိုက်တွန်း

ဖေဖေါ်ဝါရီလ (၁၁) ရက်က ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်တွင်ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသား မိသားစုဝင် (၅) ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် အမြင်လွှဲမှားမှုများ ရှိလာနိုင်သည့်အတွက် သတိထားနေထိုင်ကြရန် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ တပ်ခ်ခရိုင်တွင် ထိုင်းနိုင်ငံသား အလုပ်ရှင်က လုပ်အားခလိမ်လည်သည်ဟု စွတ်စွဲချက်ဖြင့် ထိုင်းအလုပ်ရှင်နှင့် မိသားစုဝင်(၅) ဦးကို မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးက ယမန်နေ့ ဖေဖေါ်ဝါရီ (၁၁) ရက်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့် သန်းနှင့်ချီ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တစ်ချို့ထိုင်းလူမျိုးတွေအနေဖြင့် အမြင်လွဲမှား တိမ်းစောင်းမှုတွေ ဖြစ်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံတွင်းရှိ ဖမ်းဆီးမှုနှင့် တင်းကြပ်မှုတွေဖြစ်ပေါ်လာနိုင်ကြောင်း ဦးထူးချစ်က သတိပေးထားသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင်း နေထိုင်လုပ်ကိုင်စားသောက်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် သတိရှိရှိနေထိုင်ကြဖို့နှင့် ထိုင်းနိုင်ငံ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်း/စည်းကမ်းများကိုလက်နာပြီး ထိုင်းနိုင်ငံ၏ တရားဥပဒေများကို လေးစားလိုက်နာကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား အလုပ်ရှင်အပါအဝင် အလုပ်ရှင်၏ အမျိုးသမီးဖြစ်သူနှင့် (၃) လ သားအရွယ် ကလေးငယ် (၁) ဦး၊ (၇) နှစ်အရွယ် ကလေး (၁) ဦးနှင့် ( ၁၀ ) နှစ်အရွယ် ကလေး (၁) ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) ဦးသည် မြန်မာ – ထိုင်းနယ်စပ် မြဝတီဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071