ထိုင်းနိုင်ငံရဲ့လူဦးရေ ၇၀ရာခိုင်နှုန်းကိုယခုနှစ်အကုန်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရန်ရည်မှန်းထား
ဘန်ကောက်၊ စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံရဲ့လူဦးရေ ၄၀ရာခိုင်နှုန်း နီးပါးဟာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများဖြစ်ပြီး နှစ်ကြိမ်စလုံ းထိုးနှံပြီးစီးသူများကတော့ ၁၈ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကုန် သြဂုတ်လဆန်းပိုင်းကစလို့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ရောဂါကူးစက်မှု အခြေအနေဟာ ပြန်လည်မြင့်တက်ခဲ့ရပြီး ယခုအချိန်အထိ ကူးစက်မှုများမြင့်တက်နေဆဲဖြစ်ပါတယ်။
ယနေ့အထိ ထိုင်းနိုင်ငံရဲ့ကိုဗစ်ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ တစ်ရက်အတွင်းမှာ ၁သောင်းကျော် ဝန်းကျင်ရှိနေပါတယ်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူပေါင်း ၁,၃၉၄,၇၅၆ ဦးရှိပြီး သေဆုံးသူ အရေအတွက်ကတော့ ၁၄,၄၈၅ ဦးရှိခဲ့ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး ၂၄.၅၅ သန်းကို ထိုင်းအတွက်ထောက်ပံ့ပေးထားပါတယ်။
ယခုနှစ်ကုန်ပိုင်းမှာတော့ ထိုင်းနိုင်ငံ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းကို ကိုဗစ် ၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးဖို ရည်ရွယ်ထားပါတယ်။
(မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ နိုင်ငံရဲ့ လူ ဦးရေတဝက်ကို ကာကွယ်ဆေးလွှမ်းခြုံနိုင်ဖို့ ရည်မှန်းထားပါတယ်)