Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeInternationalထိုင်းနိုင်ငံရေး ကြီးမားသောအပြောင်းအလဲနှင့်ရင်ဆိုင်နေရ

ထိုင်းနိုင်ငံရေး ကြီးမားသောအပြောင်းအလဲနှင့်ရင်ဆိုင်နေရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုံတန်သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ၄င်း၏ဖြူထိုင်းပါတီ၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သဖြင့် ထိုင်းနိုင်ငံ‌ရေးသည် ကြီးမား‌သော အပြောင်းအလဲနှင့် ရင်ဆိုင်နေရသည်။

ပါတီဝင်များထံပေးစာတွင် နုတ်ထွက်ရသည့်အကြောင်းရင်းကို ဤရှင်းပြရာ၌ “ဒီနေ့မှာတော့ ဖြူထိုင်းပါတီရဲ့ ခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကကြေငြာခဲ့တဲ့အတိုင်း ဖြူထိုင်းပါတီကို ပြန်လည်ပြင်ဆင်ဖို့ အစပြုလိုက်တာပါ။ ဒါဟာ ပြည်သူတွေအတွက် အမှန်ကန်ဆုံးပါပဲ။ အနာဂတ်မျှော်မှန်းချက် အမြင်အသစ်နဲ့ ရဲရင့်တဲ့အပြောင်းအလဲပဲဖြစ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

“လက်ရှိမှာ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက ပျ-က်စီးလွယ်၊ ထိလွယ်ရှလွယ်တယ်။ ပြီးတော့ ရှုပ်ထွေးပြီး ခန့်မှန်းရခက်တဲ့ ခေတ်အခြေအနေဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ အရေးအပါဆုံး အသွင်ကူးပြောင်းရေးအဆင့်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ဖြူထိုင်းပါတီကို ပြန်လည်ပြင်ဆင်ဖို့၊ အသွင်ကူးပြောင်းဖို့၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်နဲ့တွေးခေါ်ပုံအားလုံးကို ပြောင်းလဲဖို့ လိုအပ်နေပါတယ်။

“ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထိုင်းနိုင်ငံကို ပြန်လည် ပြုပြင်တည်ဆောက်ဖို့လိုအပ်နေပါတယ်။ ဖြူထိုင်းပါတီအတွက် အပြောင်းအလဲကိုတတ်နိုင်သမျှ အမြန်ဆုံးစရမယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ပါတီကို လွတ်လွတ်လပ်လပ် ပြန်လည်ပြင်ဆင်ပြီး ပြီးပြည့်စုံတဲ့ ပါတီသစ်တစ်ခုတည်ဆောက်နိုင်စေဖို့ ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်ဖို့ရွေးချယ်ခဲ့တာပါ” ဟု အဆိုပါ စာတွင်ဖော်ပြထားကြောင်းသိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဩဂုတ်လ ၂၉ ရက် စီရင်ချက်အရ ပေတုံတန်သည် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် စကားပြောဆိုသည့်အသံဖိုင်ပေါက်ကြားမှုနှင့်ပတ်သက်၍ ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ပါတီစည်းမျဥ်းများတွင် မဖော်ပြထားသော်လည်း သူ၏လက်ရှိ တရားရင်ဆိုင်နေရသည့်အခြေအနေကြောင့် အနာဂတ်တွင် သူ့ပါတီကိုယ်စားလှယ်လောင်းများ အမည်တင်သွင်းမှုကို ရှုပ်ထွေးစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်ပါတီခေါင်းဆောင်ကလွှတ်တော် ကိုယ်စားလှယ်လောင်းများကိုထောက်ခံ လက်မှတ်ရေးထိုးရမည့် လုပ်ငန်းက ရှိနေသည်။

“ဟွန်ဆန်အမှုမှာ အသနားခံစာ ပယ်ချခံရရင် ပါတီကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်နိုင်မှာ မဟုတ်ပါဘူး၊ ပါတီ အနာဂတ်ပျ-က်စီးမှုကို တားဆီးဖို့ကြိုတင်ကာကွယ်မှုတစ်ခုပါ”ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

Ref: khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071