Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeMoviesထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။

ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။

မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံအခြေစိုက်ပြည်ပလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အနီးကပ်စောင့်ကြည့်ကူညီပေးသွားမည်ဟု အသိပေးခဲ့သည်။

​ယခုဖြစ်စဉ်သည် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပေါ် အလုပ်ရှင်များ၏ အနိုင် ကျင့်စော်ကားမှုအပေါ် သံရုံးကထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်၍ အလုပ်ရှင်(သို့)အခြားသူများ၏ နှိပ်စက်ညှဉ်းပန်းမှုခံရပါက ကြောက်ရွံ့ခြင်းမရှိဘဲ သက်ဆိုင်ရာ အလုပ်သမားသံအရာရှိရုံးများနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့များထံ အမြန်ဆုံးဆက်သွယ်အ ကူအညီတောင်းခံနိုင်သည်။

ထို့ပြင် မြန်မာသံအမတ်ကြီးကိုယ်တိုင် ယခုကဲ့သို့ လူကိုယ်တိုင်တွေ့ဆုံခြင်းသည် ကျူးလွန်သူများအပေါ် ဖိ အားဖြစ်စေသည့်အပြင် နစ်နာသူအတွက်ကြီးမားသော စိတ်ဓာတ်ခွန်အားနှင့် ဥပဒေကြောင်းအရ အားသာချက်ကိုရရှိစေသည်။ ထို့ကြောင့် ပြည်ပသို့သွားရောက်လုပ် ကိုင်မည့်သူများအနေဖြင့် မိမိတို့၏ အလုပ်ရှင်နှင့် ကုမ္ပ ဏီနောက်ခံများကိုသေချာစွာစုံစမ်းရန်နှင့် အခက်အခဲရှိပါက အချိန်မီသတင်းပို့တိုင်ကြားနိုင်သည့်လမ်း ကြောင်းများကိုကြိုတင်လေ့လာထားရန် လိုအပ်ပေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071