Wednesday, June 24, 2026

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ...

ပြည်တွင်းနှင့် ပြည်ပဝယ်လိုအား မြင့်တက်လာ၍ ကုလားအော်ငရုတ်သီး...

တစ်ပိဿာ ကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ အထိ ပေါက်ဈေးရှိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးထွက်ရှိသည့် ကုလားအော်ငရုတ်သီးများမှာ ပြည်တွင်းဈေးကွက်အပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ...
HomeNewsLocal Newsထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက အဓိကအာရုံစိုက်သည်ဟု ဆိုသည်။

တာဝန်ရှိသူများသည် နံပြား၊ အသားကင်၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည်နှင့် အလားတူ အစားအသောက်များရောင်းချသည့် ဆိုင်များနှင့် လမ်းပေါ် သို့မဟုတ် ဆိုင်မျက်နှာစာများတွင် အစားအစာများ ရောင်းချနေသည့် နိုင်ငံခြားသားများကို တွေ့ရှိခဲ့ကြသည်။

ဖမ်းဆီးရမိသူများတွင် မြန်မာနိုင်ငံသား ခုနစ်ဦးပါဝင်ပြီး ၎င်းတို့ထဲမှ လေးဦးသည် နိုင်ငံကူးလက်မှတ်မရှိသောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဟု တာဝန်ရှိသူများက ယူဆထားသည်။ ၎င်းတို့ကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

အခြားသူများသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ နိုင်ငံတွင်နေထိုင်ရန် အထူးခွင့်ပြုချက်ရရှိထားသူများဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့၏ အလုပ်ပါမစ်နှင့် ညီမျှသော သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သောကြောင့် သက်တမ်းလွန်နေထိုင်မှုဖြင့် တရားစွဲဆိုခံရသည်။

မစ္စတာ မိုဟာမက်ဟုသာ အမည်ပေးထားသော တူကီယေးနိုင်ငံသားသည် နာမည်ကျော် တူကီယေးရေခဲ့မုန့် ကို ရောင်းချနေသူဖြစ်ပြီး ခရီးသွားဗီဇာကိုင်ဆောင်ထားသူဖြစ်သည်။ ၎င်းကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲဆိုခဲ့သည်။

၎င်းတို့ ရှစ်ဦးစလုံးကို ထိန်းသိမ်းထားပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ဘရစ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်အတွက် နူးဒေလီတွင် ရောက်ရှိနေသည်။ မေလတွင် ချမှတ်ခဲ့သော နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် နှစ်ခုကို ပြန်လည်အမှတ်ရကာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ ၂၇ ရက် နေ့အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွာရောက်မည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အထက်လွှတ်တော်ဥက္ကဋ္ဌကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌသည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျွင်း နှင့် နိုင်ငံတော်ပြည်သူ့ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက် လဲ့ကျီ တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အဓိပတိကောင်စီအဖွဲ့ဝင် မစ္စတာ တီဘန်၊ ဝါရင့်အမတ်များ နှင့် အစိုးရအရာရှိများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071