Wednesday, August 12, 2026

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးရင်...

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးဖို့ ကြိုးစားခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေ သိမ်းပိုက်ခံရလိမ့်မယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့...

သံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ မြင့်တက်မှုကြောင့်...

ဘားအံ၊ ဩဂုတ် ၁၂ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေး အရေးပေါ်...

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle...

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့်...

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ...

နေပြည်တော်၊ ဩဂုတ် ၁၂ (၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings)...
HomeInternationalထိုင်းတွင် တရားမဝင် မြန်မာနှင့်...

ထိုင်းတွင် တရားမဝင် မြန်မာနှင့် တရုတ်လုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က တရုတ်လူမျိုးပိုင် ဒေတာစင်တာတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက်စီးနင်းမှုတွင် မြန်မာနှင့် တရုတ်နိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဝင်ရောက်စီးနင်းခဲ့သည့် လုပ်ငန်းခွင်သည် ဘန်ချန်းခရိုင် အမှတ် ၆ ကျေးရွာရှိ ဧက ၁၀၀ ကျော်ရှိသော မြေကွက်တစ်ခုဖြစ်သည်ဟု ရယောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ပြောဆိုခဲ့သည်။

ကနဦးစစ်ဆေးမှုအရ တရုတ်ရင်းနှီးမြှုပ်နှံသူများမှ ရန်ပုံငွေထောက်ပံ့ထားသော ဆောက်လုပ်ဆဲဒေတာစင်တာရှိ စခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့နှင့် ပြည်နယ်အလုပ် အကိုင်ခန့်ထားရေးရုံးမှ အရာရှိများက နံနက် ၁၀ နာရီခန့်တွင် ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ချိန်၌ အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြသည်။ အချို့သည် အနီးအနားရှိ တူးမြောင်းထဲသို့ ခုန်ချကာ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

အာဏာပိုင်များက အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး ပါဝင်သည်။

၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင့်လျော်သောခွင့်ပြုချက်များမရှိသည်ကို တွေ့ခဲ့ရသည်။

၎င်းတို့နှင့် ပတ်သက်၍ ဘန်ချန်းရဲစခန်းတွင် တရားဥပဒေအရ အရေးယူမှုများ စတင်လုပ်နေပြီး ပြည်နှင်ဒ-ဏ်ပေးရေးလုပ်ငန်းစဉ်များအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ထားသည်။

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားလုပ်သားများကို ငှားရမ်းခြင်းအတွက် အမည်မဖော်ပြသော ကန်ထရိုက်တာ သုံးဦးကိုလည်း အာဏာပိုင်များက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးရင် အမေရိကန်စစ်စခန်းတွေ အကုန်လုံး သိမ်းပိုက်ခံရမယ်ဟု IRGC ဆို

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးဖို့ ကြိုးစားခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေ သိမ်းပိုက်ခံရလိမ့်မယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့ အကြံပေးဖြစ်သူ ဗိုလ်မှူးချုပ် မိုဟမ်းမက် ရေဇာ နက်ဒီက ပြောလိုက်ပါတယ်။ "နျူကလီးယား သုံးတာဟာ သူတို့အတွက် အမှားကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သူတို့ ဗုံးကြဲလိုက်တဲ့ နောက်တစ်နေ့မနက်မှာတင် ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်စခန်းတွေအကုန် သိမ်းပိုက်ခံရလိမ့်မယ်။ ဒီနေ့ခေတ်က ဒုတိယကမ္ဘာစစ်တုန်းကနဲ့ မတူတော့ပါဘူး။ ကမ္ဘာ့ပြည်သူတွေ နိုးကြားနေကြပါပြီ။ နောက်တစ်ကြိမ်မှာ မိမိတို့ကိုယ်တိုင် ခံရနိုင်တာမို့လို့ ဒီလိုရာဇဝတ်မှုကို...

သံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ မြင့်တက်မှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ၊မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်

ဘားအံ၊ ဩဂုတ် ၁၂ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေး အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။ သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်း တိုင်းတာချက်အရ ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း (၄)...

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည်

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာလိုက်သည်။ စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားအပြီး ပြန်လည်ကျင်းပသည့် Inner Cycle 27 ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ ပြိုင်ဘက် ထိုင်းဖိုက်တာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071