Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeNewsLocal Newsထိုင်းဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ကစားသမားအင်အား...

ထိုင်းဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ကစားသမားအင်အား ၁၅၀၀ နီးပါးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

ဒီဇင်ဘာအတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကစားသမားအင်အား (၁,၄၇၇) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းကစားသမားအင်အား (၁၄၇၇) ဦးသည် အားကစားနည်း (၃၆) မျိုးတွင် ယှဉ်ပြိုင်မည်ဖြစ်ကာ ထိုင်းဆီးဂိမ်းတွင် အားကစားနည်း (၅၀) မှ ရွှေတံဆိပ် (၅၇၄) ခု ချီးမြှင့်မည်လည်း ဖြစ်သည်။

အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၉) ရက်တွင် မြို့တော်ဘန်ကောက်ရှိ ရာဇမင်္ဂလာအားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။

မြန်မာကိုယ်စားပြုအားကစားသမားများသည် ရေကူး၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ဘိလိယက်နှင့်စနူကာ၊ ဘိုးလင်း၊ လက်ဝှေ့၊ လှေလှော်၊ စစ်တုရင်၊ ခရစ်ကတ်၊ စက်ဘီး၊ မြင်းစီး၊ Esports ၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဟော်ကီ၊ စကိတ်၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ ကဘာဒီ၊ ကရာတေး၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ တက်ဂ်ဘော၊ ဘော်လီဘော၊ အလေးမ၊ နပန်း၊ ဝူရှူးတို့တွင် ပါဝင်ကစားကြမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071