ပေကျင်း၊ဒီဇင်ဘာ ၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ၎င်းတို့အနေဖြင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများနှင့်လုပ်ငန်းရှင်များကို ပြည်မကြီး၌ စီးပွားရေးချဲ့ထွင်ရာတွင် ပံ့ပိုးကူညီရန် သက်ဆိုင်ရာအာဏာပိုင်များနှင်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုသည်။
ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများအတွက် ပြည်မကြီး၏ ပံ့ပိုးကူညီဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်မကြီးသည် ဆန်းသစ်တီထွင်မှု၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် စက်မှုလုပ်ငန်းများနှင် ထောက်ပံ့ရေး ကွင်းဆက်များ ပေါင်းစည်းမှုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြည်မကြီးက ထွန်းသစ်စစီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက်၊ဉာဏ်ရည်တုနှင့် Internet of Things (IoT)ကဲ့သို့သော လုပ်ငန်းများ၌တွန်းအားပေးပြီး အရည်အသွေးပြည့် ထုတ်လုပ်မှုစွမ်းအားသစ်များကို မြှင့်တင်ရာတွင် ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ယင်းနောက် ဖူကျန့်ပြည်နယ်နှင့်ထိုင်ဝမ်ကြား ချိတ်ဆက်မှုတိုးမြှင့်ရေးအတွက် ပံ့ပိုးကူညီမည်ဖြစ်ပြီး ဖူကျန့်၌ ထိုင်ဝမ်ကိုဆက်သွယ်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ဖော်ဆောင်ရန်အတွက် အခြေခံအဆောက်အဦတည်ဆောက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ