Monday, January 20, 2025

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...
HomeInternationalထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အမေရိကကုမ္ပဏီများကိုတရုတ်ကဒဏ်ခတ်

ထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အမေရိကကုမ္ပဏီများကိုတရုတ်ကဒဏ်ခတ်

ထိုင်ဝမ်သို့ အမေရိက,က လက်နက်ရောင်းချခြင်းကို တန်ပြန်သည့်အနေဖြင့် ကြာသပတေးနေ့မှစတင်ကာ အမေရိကန်စစ်ဖက် ကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ဆုံးဖြတ်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်သမ္မတ လိုင်ချင်းတေကို အမေရိကန်ပိုင်နက်မှ တဆင့်ခံ ခရီးသွားလာခွင့်ပြုခဲ့ပြီးနောက် အဆိုပါသတင်းထွက်လာခြင်းဖြစ်သည်။

F-16 တိုက်လေယာဉ်များနှင့် ရေဒါများအတွက် အပိုပစ္စည်းနှင့် အထောက်အကူပစ္စည်း အမေရိကန် ဒေါ်လာ ၃၈၅ သန်းဖိုးကို ထိုင်ဝမ်သို့ ရောင်းချခွင့်ပြုမည့် အမေရိက၏ လုပ်ရပ်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်ဘက်က တန်ပြန်လာခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေသည်ဟု ပေကျင်းက ပြောဆိုခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်တစ်ခုအဖြစ်နှင့် သမ္မတ လိုင်ချင်းတေကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတစ်ဦးအဖြစ် မှတ်ယူသော တရုတ်သည် ထိုင်ဝမ်ခေါင်းဆောင်များက မည်သည့်နိုင်ငံနှင့်မဆို အဆက်အဆံပြုခြင်း နှင့် အလည်အပတ်သွားလာခြင်းကို ဆန့်ကျင်သည်။

တရုတ်က ဒဏ်ခတ်အရေးယူမည့် ကုမ္ပဏီများတွင် Teledyne Brown Engineering Inc၊ BRINC Drones Inc နှင့် Shield Al Inc တို့လည်း ပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားခဲ့သည်။

ထို့အပြင် Raytheon၊ BAE Systems နှင့် United Technologies အပါအဝင် ကုမ္ပဏီငါးခုမှ အမှုဆောင်ခြောက်ဦး၏ ပိုင်ဆိုင်မှုများကို တရုတ်နိုင်ငံက ထိန်းသိမ်းမည်ဖြစ်ကာ ၎င်းတို့ကို ပြည်ဝင်ခွင် ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။

တရုတ်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အဆိုပါ ဒဏ်ခတ်အရေးယူခံရသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ကြောင်းလည်း သိရသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် ရန်လိုမှုများကိုအဆုံးသတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဦးစားပေးလုပ်ဆောင်သင့်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန် တောင်းဆိုသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။ အာဆီယံမူဘောင်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကိုဖြေရှင်းရမည်ဖြစ်ကြောင်း မိုဟာမက်ကဆက်လက်ပြောကြားခဲ့ပြီး ဒေသတွင်းအကျိုးစီးပွားများကို စုပေါင်းကာကွယ်ရန်အရေးကြီးသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071