Tuesday, August 4, 2026

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...
HomeNewsLocal Newsထားဝယ်ကျောင်းသူနှင့်နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ကျောင်းသူတို့ အလုပ်နှင့် ထောင်ဒဏ်...

ထားဝယ်ကျောင်းသူနှင့်နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ကျောင်းသူတို့ အလုပ်နှင့် ထောင်ဒဏ် ၇နှစ်စီ အမိန့်ချမှတ်ခံရ

ထားဝယ်ကျောင်းသူနှင့်နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ကျောင်းသူတို့ အလုပ်နှင့် ထောင်ဒဏ် ၇နှစ်စီ အမိန့်ချမှတ်ခံရ

ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူမအိခြူးခြူးမွန်နှင့် နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)မှ ပထမနှစ်ကျောင်းသူ မလင်းလက်ကြည်တို့အား ထားဝယ်အကျဉ်းထောင်ရှိထောင်တွင်းတရားရုံးက ၂၀၂၂ ဖေဖော်ဝါရီ၁၆ရက်တွင် အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်စီ ကျခံစေရန် အမိန့်ချလိုက်သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးမှသိရသည်။

မအိခြူးခြူးမွန်နှင့်မလင်းလက်ကြည်တို့ကို စွဲဆိုထားသည့် အကြမ်းဖက်ပုဒ်မ ၅၂(ခ)ဖြင့် အပြစ်ရှိသည်ဆိုပြီး အထက်ပါအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၅ရက်နေ့က တနင်္သာရီတိုင်း မေတ္တာမြို့နယ်၊ဟိန္နားပြင်ကျေးရွာနှင့်
ဟိန္နားကျေးရွာက နေအိမ်များအတွင်း ၎င်းတို့ရှိနေချိန် ဖမ်းဆီးခံရပြီး ၃လကျော်အကြာတွင် တရားရုံးက အမှုစစ်ဆေးပြီး အမိန့်ချလိုက်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးအဖွဲ့ကမူ ထောင်၇နှစ်ချမှတ်ခံလိုက်ရသော ကျောင်းသူ ၂ဦးက စစ်ဘေးရှောင်များအား ၅၀၀၀ကျပ်စီလှူခဲ့သည်ကို PDF ကိုလှူသည်ဟု တရားစွဲသူတို့က စွပ်စွဲထားသည်ဟု ပြောဆိုသတင်းထုတ်ပြန်ထားမှု ရှိထားသည်။

Zaw Gyi

ထားဝယ္ေက်ာင္းသူႏွင့္နယ္စပ္ေဒသတိုင္းရင္းသားမ်ားဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္(စစ္ကိုင္း)ေက်ာင္းသူတို႔ အလုပ္ႏွင့္ ေထာင္ဒဏ္ ၇ႏွစ္စီ အမိန႔္ခ်မွတ္ခံရ

ထားဝယ္တကၠသိုလ္ အဂၤလိပ္စာ ပထမႏွစ္ေက်ာင္းသူမအိျခဴးျခဴးမြန္ႏွင့္ နယ္စပ္ေဒသတိုင္းရင္းသားမ်ားဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္(စစ္ကိုင္း)မွ ပထမႏွစ္ေက်ာင္းသူ မလင္းလက္ၾကည္တို႔အား ထားဝယ္အက်ဥ္းေထာင္ရွိေထာင္တြင္းတရား႐ုံးက ၂၀၂၂ ေဖေဖာ္ဝါရီ၁၆ရက္တြင္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၇)ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်လိုက္သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားသမဂၢျပန္ၾကားေရးမွသိရသည္။

မအိျခဴးျခဴးမြန္ႏွင့္မလင္းလက္ၾကည္တို႔ကို စြဲဆိုထားသည့္ အၾကမ္းဖက္ပုဒ္မ ၅၂(ခ)ျဖင့္ အျပစ္ရွိသည္ဆိုၿပီး အထက္ပါအမိန႔္ကို ခ်မွတ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္၊ ႏိုဝင္ဘာလ ၅ရက္ေန႔က တနသၤာရီတိုင္း ေမတၱာၿမိဳ႕နယ္၊ဟိႏၷားျပင္ေက်း႐ြာႏွင့္
ဟိႏၷားေက်း႐ြာက ေနအိမ္မ်ားအတြင္း ၎တို႔ရွိေနခ်ိန္ ဖမ္းဆီးခံရၿပီး ၃လေက်ာ္အၾကာတြင္ တရား႐ုံးက အမႈစစ္ေဆးၿပီး အမိန႔္ခ်လိုက္ျခင္းျဖစ္သည္ဟုလည္းသိရသည္။

ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ျပန္ၾကားေရးအဖြဲ႕ကမူ ေထာင္၇ႏွစ္ခ်မွတ္ခံလိုက္ရေသာ ေက်ာင္းသူ ၂ဦးက စစ္ေဘးေရွာင္မ်ားအား ၅၀၀၀က်ပ္စီလႉခဲ့သည္ကို PDF ကိုလႉသည္ဟု တရားစြဲသူတို႔က စြပ္စြဲထားသည္ဟု ေျပာဆိုသတင္းထုတ္ျပန္ထားမႈ ရွိထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071