Saturday, May 2, 2026

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန်...

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊...

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့်...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...
HomeNewsLocal Newsထာဝရငြိမ်းချမ်းရေးသို့….

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။

“ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရ ေအာင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို တချို့ တရားမျှတမှုတွေ ခန မေ့ထားရပါမယ် “ဟု တိုင်းရင်းသား-ဗမာ ကပြား အမျိုးသမီးတစ်ဦးကဆိုသည်။

“နစက နဲ့ EAOs များ တစ်ဖွဲ့ချင်း informal dialogue ကို တိုက်ရိုက်အရင်စပြောဖို့ လိုပါမယ်။ကြားခံက သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူထဲက ယုံကြည်ရပြီး အစွမ်းအစရှိသူတွေနဲ့ စသင့်ပါတယ်။နိုင်ငံတကာ ကြားခံထက် လူထု ကိုယ်စားပြုကြားခံက ပိုထိရောက်မယ်မြင်ပါတယ်။သက်ဆိုင်ရာ EAOs က လက်ခံတဲ့ လူထု ကိုယ်စားလှယ် ဆိုရင် ပိုကောင်းတယ်။ယုံကြည်မှုတည်ဆောက်ရပိုလွယ်မယ်။ ကိုယ့်လူတွေနဲ့ပဲ လုပ်နေတာမျိုးထက် လူထုကို အသိပေးပြီး လုပ်လေ ကောင်းလေပါ။”ဟု တိုင်းရင်းသား တစ်ဦးကဆိုသည်။

“NSPNCက တဖွဲ့ခြင်း‌ ဆွေးနွေးနေတာကိုထောက်ကူဖို့ Track 2 အနေနဲ့ hidden agenda တွေအပေါ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ့် think tank to think tank or NGO to NGO ပြန်လှန်တွေ့ဆုံရင်ဖွင့် ဆွေးနွေးပြီး သက်ဆိုင်ရာ ဆွေနွေးဖက်တွေကိုထောက်ကူနိုင်ပါတယ်။လုပ်လည်းလုပ်နေကြတယ်ထင်ပါတယ်။ထိရောက်စေချင်ရင်တော့ တစ်ဖက်စီက track 2 တစ်ဖွဲ့စီသတ်မှတ် ကိုယ်စားပြု စေပြီးညှိနိုင်းစေရင် ပိုလွယ်ကူမြန်ဆန်ပါမယ်”ဟု စောင့်ကြည့် လေ့လာနေသည့် သုတေသီတစ်ဦးက ဆိုသည်။

“နှစ်ဘက်ဆန္ဒရှိရင် လွယ်မှာပေါ့ဗျာ။မဟုတ်ရင်တော့ လေထဲ Statement ထုတ်နေတာပဲရှိလိမ့်မယ်။တစ်ဖက်စီ Track 2 တိုက်ရိုက်စပြီးဆွေးနွေး ၊အဲကနေ EAO နဲ့ NSPNC တိုက်ရိုက်စပြော ၊အဲအစီအစဉ်ကို ထောက်ခံပါတယ်”ဟု တိုင်းရင်းသား ပါတီတစ်ခု၏ ပါတီဝင်တစ်ဦးကဆိုသည်။

“အားလုံးပါဝင်တဲ့ ညီလာခံ တစ်ခုကို ခေါ်ပြီး အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ခွဲဝေမှု ကိုအရင်ညှိရပါမယ်။ ပြီးရင် တပ်မတော် ပေါင်းစည်းရေးကို ညှိရပါမယ်။ ညှိနှိုင်းမှုတွေကို ကြိုတင် စည်းကမ်း သတ်မှတ်ထားတာမျိုးမလုပ်ဘဲ လွတ်လွပ်စွာ ဆွေးနွေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ် ပြန့်ပြန့် ဆွေး‌နွေးဖို့ လိုတဲ့အတွက်ကြာနိုင်ပါတယ်။ အားလုံးညှိလို့ ရမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှာပါ။ အဲဒါကို ပြင်နိုင်မှလည်း ထာဝရ ငြိမ်းချမ်းရေးကိုရမှာပါ”ဟု အမတ်ဟောင်းတစ်ဦးက ပြောသည်။

“တကယ့်ကို ဗုံးသံ၊ ‌ေ-သနတ်သံ တွေ လုံးဝပျောက်သွားဖို့က ကတိတည်ဖို့ပါ။ ငြိမ်းချမ်းရေးကို ဒီလူတွေပဲ ဆက် ဆွေးနွေးနေလို့ ကတော့ အဖြေကောင်း ထွက်လာဖို့ မမြင်ပါ။ လူငယ် နဲ့ပြည်သူတွေ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ဆောင်ရွက်နေသူများ ပါဝင်တဲ့ အလုံးစုံ လွှမ်းခြုံ စဥ်ဆက်မပြတ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး၊ အဖြေကောင်းထွက်ဖို့ က အဓိကပါ။ တိုင်းပြည်နဲ့ ပြည်သူအတွက် စိတ်ကောင်းနဲ့စေတနာအပြည့်ရှိဖို့လည်းအရေးကြီးပါတယ်။ဆွေးနွေးပွဲတွေကနေ တည်ငြိမ်မှု၊ နားလည်မှု၊သဘောတူညီမှုတွေ ရအောင် ဆောင်ရွက်ကြဖို့ပါ။ တစ်တိုင်းပြည်လုံး ပြန်လည်ထူထောင်ဖို့ ဆို အားလုံးပါဝင်ဆောင်ရွက်တာတောင် ဆယ်စုနှစ် တစ်ခု အနည်းဆုံး ယူရမှာပါ။အခုလို တိုက်ခိုက်နေကြမယ်ဆိုရင် တိုက်ခိုက်ဖို့ သုံးရမှာတွေလည်း ရှိတော့ ပြန်လည် ထူထောင်ဖို့ ဆိုတာ မြို့ကြီး ပြကြီး အချို့မှာပဲ လုပ်လို့ ရမှာပါ”ဟု NGOမှပုဂ္ဂိုလ်တစ်ဦးကဆိုသည်။

NSPNC မှတာဝန်ရှိသူတစ်ဦးကတော့ “အားလုံးပါတဲ့ ဆွေးနွေးပွဲတွေကို မြှင့်တင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
ဆွေးနွေးပွဲတွေမှာ မတူကွဲပြားတဲ့ political actors တွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊NCA sign,non sign EAOsတွေ၊
နိုင်ငံရေးပါတီတွေ၊လူငယ်တွေ၊အမျိုးသမီးတွေ၊ resource persons တွေ၊ စီးပွားရေးပညာရှင်တွေ၊မီဒီယာတွေ ပါနိုင်သမျှပါဝင်လာဖို့ဆောင်ရွက်နေသလို သက်ဆိုင်သူတွေအကြား နားလည်မှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင် နိုင်ဖို့ ဆွေးနွေးပွဲ အခင်းအကျင်းတွေကို ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမြဲစဥ်းစားဆောင်ရွက်နေပါတယ်။”ဟုဆိုသည်။

ပေါ်ပြူလာနယူးစ် အနေဖြင့် မေးမိသလောက်ကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပြီး နိုင်ငံသားတိုင်း၏ ရင်တွင်းခံစားချက်များလည်းကိုယ်စီရှိနေဦးမည်ဖြစ်သည်။အတူချိတ်ဆက် တည်ဆောက်ကြရတော့မည့်အချိန်အခါဖြစ်သဖြင့် အပြန်အလှန် သည်းခံမှု၊ယုံကြည်ပေးနိုင်မှုတို့ဖြင့် ပြည်သူ့နှလုံးစိတ်ဝမ်း အေးချမ်းအောင်လုပ်ဆောင်ပေးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန် အကောက်ခွန်ဦးစီးဌာန ကြေညာ

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ) ၌ ကျင်းပသွားမည်ဖြစ်သည်။ လေလံပုံစံများကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် မေ ၆ ရက်မှ ၇ ရက်အထိ ရုံးချိန်အတွင်း...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ် မသွားကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မီး လေ-ာင်မှုဖြစ်ပွား၍ ဝါးခယ်မမြို့နယ်မီးသ-တ်စခန်း၊ ရွှေလောင်း/ကျုံမငေး/ရွာသစ်/မော်ကျွန်းမြို့နယ် မီးသ-တ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် စက်သုံးဆီအရောင်းဆိုင်မှာပျ-က်စီးဆုံးရှုံးခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့် ကြေးချေ၊ ဆူးပန်း၊ သုံးထောင့်ဆိုလာရေတင်စီမံကိန်း (၃) ခု၊ အကျိုးပြုမည့်ဧက (၄,၂၀၀) ကို စိုက်ပျိုးရေပေးဝေရန် ဧရာဝတီမြစ်မှ ဆိုလာစနစ်ဖြင့်ရေတင်မည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများဖြစ်သော မင်းဘူး (စကု) မြို့နယ်ရှိ ပိုက်သင်ဆိုလာရေတင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ လက်ပံငူဆိုလာရေတင်နှင့် မကွေးမြို့နယ်ရှိ ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းများကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုများကို ဧပြီ ၃၀ ရက်နှင့် မေ ၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071