Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့– အီရန်သမ္မတ

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က အင်တာဗျူးတွင် ပြောဆိုလိုက်ပြီး ထရမ့်ပ်နှင့် အမေရိကန်အစိုးရ၏ အခိုင်အမာစွပ်စွဲခဲ့မှုများကို ငြင်းဆိုသွားခဲ့သည်။

ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ရန် အီရန်တော်လှန်ရေးတော်လှန်ရေးအစောင့်တပ်က ညွှန်ကြားခိုင်းစေခဲ့သည့် အစီအစဉ်တစ်ခုနှင့် ဆက်နွယ်သည်ဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တရားရေးဌာနက အီရန်အမျိုးသားတစ်ဦးကို စွဲချက်တင်ခဲ့သည်။ တိုက်ခိုက်မှုများ အကောင်အထည်မဖော်သေးမီတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အဆိုပါအကြံအစည်ကို ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။

သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုများ၏နောက်ကွယ်တွင် အီရန်ပါဝင်နိုင်သည်ဟု ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း၌ ထရမ့်ပ်ကိုယ်တိုင်ကလည်း ပြောဆိုထားသည်။

“ဘာမှမရှိပါဘူး၊ ဒါကို ကျွန်တော်တို့ ဘယ်တုန်းကမျှ မကြိုးစားခဲ့သလို လုပ်ချင်တဲ့ စိတ်လည်း လုံး၀ မရှိပါဘူး” ဟု မစ္စတာ ပီဇက်ရှ်ကီယန်က အင်န်ဘီစီကို ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးတာဝန်ယူမည့် ထရမ့်ပ်သည် မဲဆွယ်စည်းရုံးရေးကာလအတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု နှစ်ကြိမ်ကြုံခဲ့ကာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ပထမတစ်ကြိမ်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖလော်ရီဒါတွင် သူ ဂေါက်ကစားနေစဉ် ကြုံခဲ့ရခြင်းဖြစ်ပြီး နောက်တစ်ကြိမ်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ပင်ဆယ်ဗေးနီးယား မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ကြုံတွေ့ခဲ့သည်။ ယင်း လုပ်ကြံရန် ကြိုးပမ်းမှုများတွင် အီရန် ပတ်သက်ဆက်နွယ်သည့် အထောက်အထား မတွေ့ရဟု စုံစမ်းစစ်ဆေးသူများက ပြောဆိုထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071