Friday, June 12, 2026

လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ပေးထားသည့် ဓာတ်အားလိုင်းပေါ်သို့...

ယနေ့ညနေပိုင်း၌ လမ်းမတော်မြို့နယ် နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၃၃) ကေဗွီ ဟုံဟိုင်း - အာအိုင်အာ ဓာတ်အားလိုင်းပေါ်သို့ ဗိုလ်ချုပ်လမ်းနှင့် ဇော်ဂျီလမ်းထိပ်ရှိ...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ပြိုင်ပွဲအတွက် မိတ်ဖက်ကုမ္ပဏီများနှင့်...

ပြိုင်ဆိုင်မှုမြှင့်တင်ရန်အတွက် ရာသီကုန်ရပ်တည်မှုအလိုက် ထောက်ပံ့သည့် စနစ်သစ်ကို ကျင့်သုံးမည် ​မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ဘော လုံးရာသီ အကြို မိတ်ဖက်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနား (Official...

မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦး...

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ LENGGENG CAMP ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရပြီး မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း တင်ပြလျှောက်ထားသည့် မြန်မာနိုင်ငံသား ၅၈ ဦးကို...

အီရန်ကို ဒီညမှာ “အပြင်းအထန်” တိုက်ခိုက်သွားမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒီညမှာတင် "အပြင်းအထန်" တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ပြီး အီရန်ရဲ့ အဓိက ရေနံစခန်းကြီးရှိတဲ့ ခါ့ဂ်ကျွန်း(Kharg Island) ကိုပါ...
HomeNewsLocal Newsတ.စ.ည ပါတီ အပါအဝင်...

တ.စ.ည ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၃) ခုကို ပါတီမှတ်ပုံတင် ထပ်မံခွင့်ပြု ၊ နိုင်ငံရေးပါတီအဖြစ်တရားဝင်ရပ်တည်ခွင့်ရှိသည့် ပါတီ (၅) ခုအထိရှိလာ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၃) ခုကို ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

ယမန်နေ့ ဧပြီလ (၂၅)ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ဖလုံ – စဝေါ ဒီမိုကရက်တစ်ပါတီ နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီတို့လည်း ပါဝင်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပါတီ (၃) ခုသည် နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ နိုင်ငံရေးပါတိီအဖြစ် ဆက်လက်ရပ်တည်ရန် မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် ပါတီများ ဖြစ်ပြီး UEC က စစ်ဆေးပြီး မှတ်ပုံတင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

နစက၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် မှတ်ပုံတင်လျှောက်ထားခဲ့သည့် ပါတီ( ၆၃) ပါတီ အနက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးခွင့်ပြုပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိသည့် ပါတီ (၅) ခုအထိ ရှိလာပြီဖြစ်ပြီး အဆိုပါ ပါတီ (၅) ခုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖျိုးရေး ပါတီလည်း အပါအဝင် ဖြစ်သည်။

UEC က ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ထုတ်ပြန်သည့် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီ (၆၃) ပါတီရှိပြီး ယင်းထဲက (၁၃) ပါတီမှာ ပြည်ထောင်စုအဆင့် စည်းရုံးလှုပ်ရှားမည့်ပါတီများ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းအဆင့် လှုပ်ရှားမည့်ပါတီ (၅၀) ရှိပြီး မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်း မရှိသည့် ပါတီ (၄၀) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း UEC က ထုတ်ပြန်ကြေညာထားသည်။

ယင်းကဲ့သို့ ဖျက်သိမ်းခံရသည့် ပါတီများထဲတွင် ၂၀၁၅ အာဏာရပါတီ ဖြစ်သည့် NLD ပါတီနှင့် SNLD ပါတီ ၊ လူ့ဘောင်သစ် ပါတီတို့ကဲ့သို့သော အတိုက်အခံအင်အားကြီးပါတီများလည်း ပါဝင်နေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ပေးထားသည့် ဓာတ်အားလိုင်းပေါ်သို့ ပိတောက်ပင် လဲကျ

ယနေ့ညနေပိုင်း၌ လမ်းမတော်မြို့နယ် နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၃၃) ကေဗွီ ဟုံဟိုင်း - အာအိုင်အာ ဓာတ်အားလိုင်းပေါ်သို့ ဗိုလ်ချုပ်လမ်းနှင့် ဇော်ဂျီလမ်းထိပ်ရှိ ပိတောက်ပင် လဲကျ၍  ဓာတ်အားပြတ်တောက်နေသည်ဟု သိရသည်။ ထို့ကြောင့် လမ်းမတော်မြို့နယ်အတွင်းရှိ..ဆသရရုံး-ဂျန်းရှင်းမော်တင်-ဂရိတ်ဝေါကွန်ဒို-အင်ယာကောင်စီနှင့် ရွှေလမင်းဆေးရုံ ၊ ဒဂုံမြို့နယ်ပြည်လမ်းခွဲရုံ-တို့ဓာတ်အားခေတ္တပြတ်မည်ဟု သိရသည်။ လဲကျနေသော ပိတောက်ပင်အား ဖယ်ရှားရှင်းလင်းလျက် အပိုင်းလိုက် အမြန်ဆုံး ဓာတ်အားပြန်လည်ရယူနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူသို့ လေးစားစွာ အသိပေးပန်ကြားထားသည်။

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ပြိုင်ပွဲအတွက် မိတ်ဖက်ကုမ္ပဏီများနှင့် လက် မှတ်ရေးထိုး

ပြိုင်ဆိုင်မှုမြှင့်တင်ရန်အတွက် ရာသီကုန်ရပ်တည်မှုအလိုက် ထောက်ပံ့သည့် စနစ်သစ်ကို ကျင့်သုံးမည် ​မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ဘော လုံးရာသီ အကြို မိတ်ဖက်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနား (Official Partnership Signing Ceremony)ကို ယနေ့ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟို တယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ​ယခုရာသီတွင် မိတ်ဖက်ကုမ္ပဏီများနှင့် လက်တွဲမှုမှတစ်ဆင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၁,၅၀၀ နှင့် သိန်း ၂,၃၅၀ တန်ဖိုးရှိ ပစ္စည်းထောက်ပံ့မှုများကို လက်ခံရရှိထားသည်။ အဓိကပင်မပံ့ပိုးသူအဖြစ် Max Energy...

မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦး ဇွန် ၁၂ ရက်တွင် နေရပ်ပြန်ပို့မည်

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ LENGGENG CAMP ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရပြီး မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း တင်ပြလျှောက်ထားသည့် မြန်မာနိုင်ငံသား ၅၈ ဦးကို ဇွန်လ ၁၂ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူဆောင်ရွက်ပေးကာ မြန်မာ့လေကြောင်း အမှတ်စဉ် 8M-502 ဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသားများ၏ အမည်စာရင်းကိုလည်း သက်ဆိုင်ရာ မိသားစုဝင်များ သိရှိနိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071