
လူငယ်အနုပညာရှင်များနဲ့ ရိုက်ကူးစီစဉ်တင်ဆက်လျက်ရှိတဲ့ Let’s Go ခရီးသွားအစီအစဉ်ကို ဒီတစ်ခေါက်မှာတော့ တရုတ်ပြည် ခရီး စဉ် Let’s Go To China အနေနဲ့ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ရိုက်ကူး ရေး အစီအစဉ်ကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင်သွားရောက် ရိုက်ကူးကြမှာဖြစ်ပြီး Let’s Go အဖွဲ့ဝင်များဖြစ်ကြတဲ့ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ Bobby Soxer တို့နဲ့အတူ ဧည့်သည်သရုပ်ဆောင်များအဖြစ် မင်းသွေး၊ အလင်းရောင်၊ ခင်လေးနွယ်၊ ခင်ဝင့်ဝါ နဲ့ ဝိုင်းလေး တို့ကလည်း လိုက်ပါသွားကြမှာ ဖြစ်ပါတယ်။၂ ပတ်ကြာမြင့်မယ့် ဒီခရီးစဉ်မှာတော့ တရုတ်ပြည်အနှံ့ ကို လှည့်လည်သွားရောက်ပြီး ပရိသတ်ကို ပြန် လည်မျှဝေသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ Let’s Go ကတော့ ပုံမှန်အဖွဲ့ဝင် ၇ ယောက် ပေါ့။ အဓိကက ခရီးသွားပရိုဂရမ် အများစုမှာ လူကြီး၊ လူလတ်ပိုင်းတွေ ပဲ စိတ်ဝင်စားမှုများပါတယ်။လူငယ် ပိုင်းတွေ အနေနဲ့လည်း စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာအောင် လူငယ်အား ပေးမှုများစွာ ရရှိထားတဲ့ အဆိုတော် အနုပညာရှင်တွေနဲ့အတူ ဒီ Let’s Go ပရိုဂရမ်ကို ဖွဲ့စည်းဖြစ်ပါတယ်။အစပိုင်း အစီအစဉ်တွေမှာ ကျွန် တော်တို့ ပြည် တွင်းကို အဓိကထား ပြီး သွားကြပါတယ်။ အဲဒီလိုသွားပြီး တဲ့အချိန်မှာ ဒီပရိုဂရမ်ကို အားပေး ကြတဲ့ ပရိသတ်တွေရှိလာတယ်။
ပံ့ပိုးပေးမယ့် လုပ်ငန်းတွေရှိလာ တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ ပြည်ပကိုထွက်ပြီး ရိုက်ကူး ဖြစ်ပါတယ်။ အခုအချိန်ထိဆိုရင် ၄ နှစ်ဆိုတဲ့အချိန်ကို ဖြတ်သန်းခဲ့ပြီး ပါပြီ။ အခု ဒီ တရုတ်ခရီးစဉ်ကိုတော့ တရုတ်သံရုံးနဲ့ ချိတ်ဆက်ပြီး သွား ဖြစ်ပါတယ်။ ဒီဇင်ဘာလ
၁၅ ရက် နေ့ကနေ ၂၇ ရက်နေ့အထိ ဆွဲထား တာဖြစ်ပြီး ၂၃ ရက်နေ့မှာLet’s Go အဖွဲ့က ပြန်လာမှာဖြစ်တာကြောင့် အစီအစဉ်သစ် တစ်ခု ထပ်ဆွဲထား ပါတယ်။ ဒါကတော့ မင်းသွေး၊ အလင်းရောင်၊ ခင်လေးနွယ်၊ ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့နဲ့အတူ ရိုက် ကူးရေးခရီးစဉ်ကို
ဆက်လက်ရိုက် ကူးပါမယ်” လို့Let’s Go ပရိုဂရမ် ကို စီစဉ်တဲ့ Myanmar Media 7 မှ ကိုဝေမင်းမောင် က ပြောပါတယ်။
P- 054
ဓာတ်ပုံ-အောင်ဇော်မင်း
