မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁၁)၊မန္တလေး-လားရှိုးသွားကားလမ်းတွင် စက်တင်ဘာ ၁၆ ရက်(ယနေ့)ည ၆ နာရီခန့်က တွဲကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
“မန္တလေး-လားရှိုးသွားကားလမ်းပေါ်က ရေငယ်စစ်ဆေးရေးဂိတ်ဟောင်းမှ ဖြစ်သွားတာပါ ဆိုင်ကယ်ပေါ်က ၁ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရသွားပါတယ် ဒဏ်ရာရတဲ့လူကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


