ဒေါ်အေးအေးမော်(ခ) အဆိုတော်နော်လီဇာရဲ့ ဈာပန အခမ်းအနားကို ထိန်ပင်သုဿန်၊ လှိုင်သာယာမှာ ဇွန်လ ၃ရက်နေ့က ပြုလုပ် ခဲ့ပါတယ်။
သူမဟာ အသက် (၆၂) နှစ်မှာ ရင်သား ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အဆိုတော်နော်လီဇာဟာ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်တဲ့ အတွက် သူမရဲ့ ဈာပန အခမ်းအနားကို ခရစ်ယာန် ဘာသာဝင်များရဲ့ထုံးစံ အတိုင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုတော်နော်လီဇာရဲ့ ရုပ်အလောင်းကိုတော့ နေ့လည် ၁၂နာရီ မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။