ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာ အားကစားကွင်းကို ရန်ကုန်တိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ အဆင့်မြှင့်တင်ခြင်းကို ၂၀၂၅ -၂၀၂၆ တိုင်းဒေသကြီး အစိုးရဘက်ဂျက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းနှင့် အလျား (၂၀၀)ပေ၊ အနံ(၁၅၀)ပေရှိ လူဦးရေ (၂၁၀ ၀) ဆံ့ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှုလည်း ပါဝင်သည်။
ထိုကဲ့သို့ နိုင်ငံပိုင်ကွင်းများ အဆင့်မြှင့်တင်ကောင်းမွန်လာပါက မြန်မာနေရှယ်နယ်လိဂ် ကလပ်အသင်းများအတွက်လည်း အထောက်အကူပြုလာနိုင်ကြောင်း ကလပ်အသင်းတသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကြိုဆိုရမယ့် ကိစ္စပါ၊ ကွင်းတွေများလာလေလေ အပျော်တမ်းကန်တဲ့ လူငယ်တွေလည်း ကွင်းကောင်းကောင်းမှာ ကန်ရမယ်၊ ကလပ်အသင်းတွေလည်း လေ့ကျင့်ရေးအတွက် ကွင်းအဆင်ပြေလာမယ်၊ ပဒေသာကွင်းဆို အခု အမျိုးသမီး U17 ခြေစစ်ပွဲ နိုင်ငံတကာအဆင့်ပါလက်ခံမယ် ကြားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကျင်းပလျက်ရှိသည့် မြန်မာနေရှယ်နယ်လိဂ်တွင်လည်း သုဝဏ္ဏကွင်း၊ ရန်ကုန်ယူနိုက်တက် အိမ်ကွင်းဖြစ်သည့် YUSC ကွင်း ၊ ရှမ်းယူနိုက်တက် အိမ်ကွင်းဖြစ်သည့် တောင်ကြီးကွင်း၊ သန်လျင်မြို့နယ်ရှိ သီဟဒီပ အားကစားကွင်းများတွင် အများဆုံးယှဉ်ပြိုင်ကစားနေကြသည်။
ထိုနည်းတူ အမျိုးသမီးပွဲများနှင့် Myanmar National Le ague II ပွဲများကို ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ပဒေသာကွင်းများတွင် ယှဥ်ပြိုင်ကစားနေကြကြောင်း သိရသည်။
