Friday, May 8, 2026

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ...

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေ-သဆုံးသွားကြောင်း သိရသည်။ ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ‌ေ-သဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့...

​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃)...

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့...

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ...

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက...
HomeMoviesတောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက်

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့် မီးမွှေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံ၏ Houteng ကျောက်တန်း အနီးရှိ ရေပြင်တွင် ဥပဒေ နှင့်အညီပင်လယ်ရေကြောင်း ဂေဟစနစ်ကို စစ်တမ်းကောက်ယူနေစဉ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့တွင် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကျန်း လွယ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် အဆိုပါလေယာဉ်ကို ခြေရာခံ စောင့်ကြည့်ခဲ့ပြီး တရုတ်သင်္ဘော၏ ဘေးကင်းသော လုပ်ငန်းဆောင်ရွက်မှုများကို အာမခံနိုင်ရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ကျန်း က ဆိုသည်။ ဖိလစ်ပိုင်ဘက်မှ စွပ်စွဲချက်များသည် အချက်အလက်များကို လိမ်လည်လှည့်ဖြားခြင်းသာဖြစ်ပြီး လူထုကို လမ်းမှားရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ စီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်များတွင် အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်း က ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ သိပ္ပံစစ်တမ်းကောက်ယူမှုများ ဘေးကင်းစေရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ ငါးများ ‌ေ-သဆုံး

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေ-သဆုံးသွားကြောင်း သိရသည်။ ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ‌ေ-သဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကန်၏ ရေအရည်အသွေး ညစ်မှုကြောင်းလည်း ဖြစ်နိုင်ကြောင်း သွားရောက်ဆယ်ယူပေးခဲ့သူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။ “အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေ‌ေ-သတယ်လို့လောလာဆယ် သုံးသပ်ထားကြပါတယ်" လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တ လေး  ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကလည်း သတင်းမီဒီယာများကို ဖြေကြားထားသည်။ ‌ေ-သဆုံးသည့် ငါးအရေအတွက်သည် သောင်းဂဏန်းနီးပါးရှိကာ...

​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ​​

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ​အဆိုပါ အမျိုးသမီးများသည် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ် သည်။ မြန်မာသံရုံးမှတစ်ဆင့် အီရတ်အာဏာပိုင်များ၊ IOM အဖွဲ့တို့နှင့် အချိန်မီညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၎င်းတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ​၄င်းတို့သည် မေလ (၇) ရက်နေ့ ည (၀၈:၀၅)နာရီတွင် MAI လေကြောင်း လိုင်းဖြင့်...

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့် အထူးသတိပြုရန် လိုအပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ ပေးထားသည်။ ထို့ပြင် ယနေ့  မေ (၈) ရက်အတွက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေးနှင့်တနင်္သာရီတိုင်းတို့၌ မိုးရွာသွန်ရန် ရာခိုင်နှုန်း ၈၀ အထိ ရှိသည်ဟုဆိုသည်။ အလားတူ တိုင်းနှင့်ပြည်နယ်အလိုက် မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီ တိုင်းဒေသကြီးနေရာကျဲကျဲ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071