ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ မဟာမုနိကေလဇာတီစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင််ခြင်းတို့ကို ယနေ့ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီက ဆင်ယင်ကျင်းပခဲ့သည်။
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဟိန်းဝေယံ၊ အကယ်ဒမီ စိုးပြည့်သဇင်နှင့် အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်များကိုတင်လှူပူဇော်ပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူခဲ့ကြသည်။
