Tuesday, August 18, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ...
HomeNewsLocal Newsတောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့်...

တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊ မီးရထားနှင့် အားကစားအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး အလေးထားမှာကြား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း နိုင်ငံတော်သမ္မတသည် နေပြည်တော်–တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားမှုများ၊ မီးရထားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဘူတာဝင်ထွက်နေရာများကို စနစ်တကျ စီမံခန့်ခွဲထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။

ယင်းနောက် မီးရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ လမ်းပိုင်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်၊ အသုံးမပြုသည့် မီးရထားသံလမ်းများကိုလည်း ထိန်းသိမ်းထားရှိရန်နှင့် ရထားသွားလာရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် မီးရထားလမ်းများ အရည်အသွေးကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့ပြင် တောင်ငူမြို့ရှောင် မီးရထားလမ်းစီမံကိန်းနှင့် တောင်ငူဘူတာအသစ် တည်ဆောက်မည့်နေရာများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းဖောက်လုပ်ရာတွင် ရေစီးရေလာစနစ်ကောင်းမွန်ရေး၊ ရထားလမ်းတာဘောင်များ ခိုင်မာမှုရှိစေရေးနှင့် အင်ဂျင်နီယာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

တောင်ငူဘူတာအသစ် တည်ဆောက်ရာတွင်လည်း အနာဂတ်တွင် တိုးတက်လာနိုင်သည့် မီးရထားခရီးစဉ်များနှင့် ခရီးသည်အရေအတွက်ကို ကြိုတင်တွက်ချက်ကာ ရေရှည်အသုံးပြုနိုင်မည့် ဘူတာစနစ်တစ်ခုအဖြစ် တည်ဆောက်ရန်၊ မီးရထားစင်္ကြန်များနှင့် ယာဒ်ဝန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ငူခရိုင် အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်ပရိသတ် အရေအတွက်နှင့် ကိုက်ညီသည့် အဆင့်မီပွဲကြည့်စင်များ တည်ဆောက်ရန်၊ အနာဂတ်မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်လာမှုကို ထည့်သွင်းစဉ်းစားကာ တိုးချဲ့အဆင့်မြှင့်တင်နိုင်မည့် စီမံကိန်းပုံစံဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကပြုလုပ်စဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများထိခို-က်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများအချိန်မီပြန်လည်အစားထိုးစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများဆောင်ရွက်ရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071