ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအဖွဲ့အချို့ စမ်းသပ်ပြင်ဆင်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း တောင်ကြီးမြို့ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။
ထို့ပြင် တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့်သူမှာ ယခင်နှစ်ထက်များနိုင်ပြီး လက်ရှိတွင် ဟိုတယ်များ ကြိုတင်စာရင်းပေးခြင်းများပြားနေကာ အခန်းရရန်ပင် မလွယ်ကူတော့ကြောင်း ဆိုသည်။
တောင်ကြီးမြို့ရှိ ဟိုတယ်များ အခန့်ပြည့်နေသည့်အတွက် ကလောနှင့် ညောင်ရွှေရှိ ဟိုတယ်များကို ငှားရမ်းကာ မီးပုံးပျံပွဲ(တန်ဆောင်တိုင်ပွဲတော်)သို့ လာရောက်လည်ပတ်ရန် စီစဉ်နေသူများလည်းရှိသည်ဟု ဆိုသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲ(မီးပုံးပျံပွဲတော်)ကို အောက်တိုဘာလ (၂၉)ရက်မှ နိုဝင်ဘာလ (၅) ရက်ထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
