ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အစိုးရအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ ယနေ့ အောက်တိုဘာ(၃၁)ရက် နံနက်ပိုင်းတွင် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲတော် စည်ကားစွာကျင်းပလျှက်ရှိကြောင်း မြို့ခံသတင်းရင်းမြစ်များထံက သိရသည်။
တောင်ကြီးမြို့ပေါ်တွင် တန်ဆောင်တိုင်ကာလ မီးပုံးပျံပွဲတော်နှင့် ကထိန်ပွဲတော် တိုက်ဆိုင်နေခြင်းကြောင့် မြို့ပေါ်တွင်စည်ကားလျက်ရှိသည် ဟုဆိုသည်။
“အခုက တောင်ကြီးမှာ ဟိုတယ်ခန်းတွေပြည့်နေတယ်။ အချို့တွေဆို အိမ်တလုံးစုငှားပြီး ပွဲတော်ရက်ကို လာလည်ကြတယ်။ မြို့မီးပုံးပျံပွဲကတော့ အထင်ကရပွဲတော်တခုဆိုတော့ နှစ်တိုင်းစည်ပါတယ်။ နေ့ဘက်ကထိန်ပွဲ ညဘက်မီးပုံးပျံပွဲပေါ့”ဟု ၎င်းက ဆိုသည်။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို အောက်တိုဘာ (၂၉)ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ နိုဝင်ဘာ (၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဓာတ်ပုံ – CJ
