Monday, June 15, 2026

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အမှတ်...

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင်...

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃)...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...
HomeInternationalတောင်ကိုရီးယားလေယာဉ်ပျ-က်ကျမှုတွင်နှစ်ဦးမှလွဲ၍အားလုံး‌ေ-သဆုံး

တောင်ကိုရီးယားလေယာဉ်ပျ-က်ကျမှုတွင်နှစ်ဦးမှလွဲ၍အားလုံး‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်သို့ အဆင်းတွင် ပြေးလမ်းကျော်သွားကာ အတားအဆီးနံရံနှင့် ဝင်တိုက်မိခဲ့သော ခရီးသည်တင်လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၁၈၁ ဦးအနက် ကယ်ထုတ်ထားနိုင်သည့် နှစ်ဦးမှ လွဲလျှင် ကျန်သူအားလုံး ‌ေ-သဆုံးခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ဘိုးရင်း ၇၃၇-၈၀၀ အမျိူးအစားခရီးသည်တင်လေယာဉ်တွင် ခရီးသည် ၁၇၅ ဦးနှင့် အမှုထမ်း ၆ ဦး လိုက်ပါခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ လေဆိပ်သို့ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ အဆိုးဝါးဆုံး အရပ်ဖက်လေကြောင်း မတော်တဆမှုတစ်ခုဖြစ်ခဲ့သည်။

‌ေ-သဆုံးသူ အနည်းဆုံး ၁၂၄ ဦးကို အတည်ပြုထားနိုင်သည်ဟု နိုင်ငံ၏ မီးသတ်ဌာနက ပြောဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အစိတ်အပိုင်းတစ်ခုအတွင်းမှ လူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး လေယာဉ်အမှုထမ်းများဟု ယူဆရာသော သူတို့နှစ်ဦးသည် ဒဏ်ရာအခြေအနေ အလယ်အလတ်မှ ပြင်းထန်အဆင့် အခြေအနေရှိသည်ဟု ဆိုသည်။

လေယာဉ်သည် လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီး ‌ေ-သဆုံးသူများကို မည်သူမည်ဝါ ဖော်ထုတ်ရန်အတွက် ခက်ခဲသည်ဟု ဆိုသည်။ ကြွင်းကျန်ရစ်ခဲ့သည်များကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်ပြီး လုပ်ငန်းစဉ်သည် အချိန်ယူရမည်ဖြစ်ကြောင်း Muan မြို့ မီးသတ်ဌာန၏သတင်း ထုတ်ပြန်ချက်တွင် ‌ဖေါ်ပြထားသည်။

အစိုးရ၏ သတင်းအချက်အလက်များအရ ယခုဖြစ်စဉ်သည် ဆယ်စုနှစ်သုံးခုနီးပါးအတွင်း တောင်ကိုရီးယားလေကြောင်းလိုင်းတစ်ခု၏ အ‌ေ-သအပျောက်အများဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်ဟု သိရသည်။

ဘန်ကောက်မှ Muan သို့ ထွက်ခွာခဲ့သည့် Jeju လေကြောင်းလိုင်း အမှတ် ၂၂၁၆ လေယာဉ်သည် နံနက် ၉း၀၃ နာရီတွင် လေဆိပ်သို့ အဆင်း၌ ယခုကဲ့သို့ အဖြစ်ဆိုး နှင့် ကြုံခဲ့ရခြင်း ဖြစ်သည်ဟု မြေယာ၊အခြေခံအဆောက်အဦနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦး(ထိုင်းနှစ်ဦး အပါအဝင်) နှင့် လေယာဉ်အမှုထမ်း ၆ ဦးပါခဲ့သည်ဟုလည်း ဆိုသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ စရိတ်နည်းလေကြောင်းလိုင်း Jeju က တောင်းပန်ခဲ့ပြီး တတ်နိုင်သမျှ အကူအညီပေးသွားမည်ဟု ကတိပြုခဲ့သည်။

လေယာဉ်ပေါ်ပါသွားသည့် ထိုင်းနိုင်ငံသားနှစ်ဦးသည် အသက် ၂၂ နှစ်နှင့် ၄၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို စိစစ်နေဆဲဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရိသူ Jirayu Houngsub က ပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ဖြစ်စဉ်တွင် ‌ေ-သဆုံးဒဏ်ရာရခဲ့သူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း X တွင် ပို့စ်တင် ပြောဆိုခဲ့ပြီး အကူအညီများပေးဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို သူ ညွှန်ကြားထားသည်ဟုလည်း ပြောသည်။

လေယာဉ်မတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းသည် ရာသီဥတုဆိုးဝါးခြင်းနှင့် ငှက်နှင့်တိုက်မိခြင်းတို့ ကြောင့်ဖြစ်ပေါ်ခဲ့ပုံရသည်ဟု ဆိုသည်။ သို့ရာတွင် တိကျသည့်အကြောင်းရင်းကို ပူးတွဲစုံစမ်းစစ်ဆေးမှုအပြီးတွင် ထုတ်ပြန်ကြေညာသွားမည်ဟု Muan မီးသတ်ဌာနအကြီးအကဲ လီဂျွန်ဟွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လေဆိပ်အာဏာပိုင်များကို ကိုးကား၍ ယွန်ဟပ်က ဖော်ပြရာတွင် လေယာဉ်သည် ပထမအကြိမ်ဆင်းသက်ရန် ကြိုးစားရာ၌ မအောင်မြင်သဖြင့် နောက်တစ်ကြိမ် ထပ်မံဆင်းသက်ရာတွင် လေယာဉ်ဘီးမချနိုင်ဖြစ်ကာ ပြေးလမ်းအဆင်း၌ ပျ-က်ကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန် Smart City စီမံကိန်း တိုးတက်မှုအဆင့်များကို Star Rating System ဖြင့် ပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အဆို တင်သွင်း

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် တိုက်တွန်းသည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန် ၁၅ ရက်က တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုကို ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်ခိုင်ဆုရည်ဇော်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်စံက ထောက်ခံဆွေးနွေးခဲ့သည်။ ဒေါ်ခိုင်ဆုရည်ဇော်က “ပြည်သူလူထုအနေဖြင့် မိမိတို့မဲဆန္ဒနယ်အတွင်း စမတ်စီးတီးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ခွင့်ရရှိကာ...

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသော စိုက်ပျိုးမွေးမြူရေး မြေနေရာများအား အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများအတွက် တရားဝင် လျှောက်ထားစေရေး စိုက်ပျိုးမွေးမြူခွင့်ပြုနိုင်ရေး အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့သည်။ မေးမြန်းချက်အရ " ရန်ကုန်တိုင်းဒေသကြီးဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို...

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်  ကြောင်း သိရသည်။ အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071