၂၀၂၃ ခုနှစ် တုကီယေး သမ္မတရွေးကောက်ပွဲတွင် ရဲဂျပ် တိုင်ရစ် အဲဒိုဝန်သည် သူ၏ ပြိုင်ဘက် ခယ်မိုင် ကူလစ်ချ်ဒါရော့ ကို အနိုင်ယူကာ သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ကြောင်း သိရသည်။
အဲဒိုဝန်သည် မေလ ၂၈ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သောဒုတိယအကျော့ မဲခွဲမှုတွင် ခယ်မိုင် ကူလစ်ချ်ဒါရော့ အား မဲအရေအတွက် ၅၂ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကောင်စီက ထုတ်ပြန်ခဲ့သည်။ ကူလစ်ချ်ဒါရော့ မှာမူ မဲအရေအတွက် ၄၇ ရာခိုင်နှုန်းကျော်သာ ရခဲ့သည်။ ထိုပမာဏသည် သမ္မတဟောင်း နှစ်ဦးကြား မဲအရေအတွက် ၂ သန်းကျော် ကွာဟသွားသည်ကို ညွှန်ပြနေသည်။
ထို့ပြင် တုကီယေးသမိုင်း၌ သမ္မတရွေးကောက်ရန်အတွက် ယခုကဲ့သို့ ဒုတိယအကျော့ မဲခွဲယှဉ်ပြိုင်ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်လာခဲ့သည်။
ထိုနိုင်ပွဲကြောင့် အဲဒိုဝန်သည် သူ၏ တတိယကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်လက် ထမ်းဆောင်ခွင့်ရခဲ့ပြီး တုကီယေး၏ သက်တမ်းအရှည်ဆုံး သမ္မတ ဖြစ်လာခဲ့သည်။ အဲဒိုဝန်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစ၍ သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
အဲဒိုဝန်၏ အောင်ပွဲကို ဘိုင်ဒင်၊ ပူတင်၊ ဇလန်စကီး၊ ဂူတာရက်စ်နှင့် ဂျန် စတိုတန်ဘတ်ဂျ် အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်ကြီးများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
Source: WION