Friday, July 24, 2026

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေးသို့...

လူ့အခွင့်အရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မနီလာ၊ ဇူလိုင် ၂၄ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇူလိုင်...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂...

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း ...

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ...

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏...

ကျွန်းလှမြို့နယ်တွင် မိုးစပါးအထွက်နှုန်းမြှင့်တင်ရေး စံပြကွက်စိုက်ပျိုးမှု ကွင်းသရုပ်ပြပြုလုပ်

ကျွန်းလှ၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တပ်ကုန်းကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၄ ရက်...
HomeMoviesတီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ

တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊ လွန်းနဲလ်လမ်းတွင် မြေထိန်းနံရံပြိုကျခဲ့သဖြင့် တီးတိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ပြိုကျနေသည့်မြေသားများကိုဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဆက်လက်ပြိုကျနိုင်ရန်အလားအလာရှိသော နေရာများ၊ အန္တရာယ်ရှိသော ကျောက်တုံးများကိုလည်း ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်၊

လူ့အခွင့်အရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မနီလာ၊ ဇူလိုင် ၂၄ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များနှင့် ခေတ္တကိုယ်စားလှယ်များ၊ လက်ထောက်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်၊ မသန်စွမ်းသူများပါဝင်မှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး၊...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း  ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကိုလည်း CMP ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်းနှင့် စက်သုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်း ဖြင့် အများဆုံးပါဝင်ခဲ့သည်။ ယင်းနောက် Non Trade Transaction များနှင့်အခြားကုန်ပစ္စည်းများက (၁၃...

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် မလေးရှားပွဲစဉ် မနက်ဖန်(ဇူလိုင် ၂၅ ရက်) ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အုပ်စုအဆင့် ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် စတင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ ဘောလုံးဝါသနာရှင် ပြည်သူများ ကြည့်ရှုနိုင်ရေးအတွက် ပွဲစဉ်ကျင်းပမည့် ဇူလိုင်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071